သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက CDSOM စခန်းကို စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့တာကြောင့် နှစ်ဘက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်က လေကြောင်းပစ်ကူနဲ့ပါ ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မေ ၂၃ ရက် မနေ့က မနက်ပိုင်းမှာ မြင်းမူနယ်ကနေ ထွက်လာတဲ့ အင်အား ၇၅ ယောက်ခန့်ပါ စစ်ကြောင်းက CDSOM စခန်းရှိရာကို တည့်တည့်ဝင်ရောက်လာခဲ့တာဖြစ်ပြီး မနက် ၁၁ နာရီခွဲဝန်းကျင်ကနေ ညနေ ၅ နာရီ ကျော်ထိ အနီးကပ် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။
“စခန်းကို ဝိုင်းဝင်ပြီး အနီးကပ် ထပစ်ကြတာ။ စစ်ကောင်စီဘက်က အထိများတယ်။ သူတို့ ဒရုန်းဗုံးသီးက ထန်းပင်တရပ်ကျော်လောက်ကနေ သူတို့ပေါ် ပြန်ကျတာလည်းရှိတယ်။ မနေ့က ပွဲကတော့ မြောင်နယ်မှာ တော်တော်ကြီးတယ်။ လေယာဉ်လာပြီး တနာရီကျော်လောက် ပတ်ပစ်သွားတယ်။ လေကြောင်းနဲ့ မြေပြင် ၂ မျိုးပေါင်းပစ်တော့ ရဲဘော်တွေဘက်က ဘယ်လိုမှ ပြန်လှန်မရတော့ ဆုတ်ခွာခဲ့ရတယ်။” လို့ မြေပြင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
မနေ့က မနက်ပိုင်းမှာ စစ်ကောင်စီနဲ့ CDSOM တပ်ဖွဲ့တို့ အနီးကပ်တိုက်ပွဲပြင်းထန်ခဲ့ကာ နေ့လယ်ပိုင်းမှာတော့ မဟာမိတ်တပ်ဖွဲ့တွေလာရောက် ပူးပေါင်းကာ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး ညနေ ၅ နာရီဝန်းကျင်ကနေ ၆ နာရီကျော်ထိ လေကြောင်းနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရတာတွေရှိပေမယ့် အခြေနေတွေက မတည်ငြိမ်သေးတဲ့အတွက် အသေးစိတ် မသိနိုင်သေးဘူးလို့ ဆိုပါတယ်။
အခုလက်ရှိ အဆိုပါ စစ်ကြောင်းဟာ CDSOM စခန်းတည်နေရာမှာ ရောက်ရှိနေပြီး စစ်ကြောင်းဆက်ထိုးဖို့လည်း ပြင်ဆင်နေတဲ့အတွက် ဒီကနေ့မှာလည်း တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ သိရပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #မြောင်မြို့နယ် #CDSOM #စစ်ကောင်စီ #စစ်ကြောင်း #လေကြောင်းတိုက်ခိုက်
Share Share Share