CGF တပ်ဖွဲ့တနှစ်ပြည့်အထိမ်းအမှတ် NUG ပညာရေးကျောင်းမှာ မုန့်ဟင်းခါးကျွေး (ရုပ်/သံ)

မကွေးတိုင်း၊ ချောက်မြို့နယ်အခြေုပြု Chauk Guerrilla Force(C.G.F) ရဲ့ တနှစ်ပြည့်အခမ်းအနားတွေကို လွတ်မြောက်နယ်မြေတနေရာမှာ ကျင်းပပြုလုပ်ခဲ့ပြီး NUG ပညာရေးကျောင်းမှာ မုန့်ဟင်းခါးဒါန ကျွေးမွေးခဲ့တယ်လို့ သိရပါတယ်။ 

ယနေ့ နိုဝင်ဘာလ ၉ ရက်မှာတော့ CGF တပ်ဖွဲ့ဟာ တနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး အခမ်းအနားကို တပ်ဖွဲ့ဝင် ၃၀ ဦးကျော်တက်ရောက်ခဲ့ပြီး တပ်ဖွဲ့ရဲ့ အားနည်းချက်၊ အားသာချက်များကို ရှင်းလင်းတာ ရှေ့ဆက်ဖော်ဆောင်မယ့် တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောကြားတာတွေ ပြုလုပ်ခဲ့တယ်လို့ တပ်ဖွဲ့တာဝန်ခံ ကိုဘကွန်း က ဆိုပါတယ်။

အခမ်းအနားမှာတော့ NUG ကြားကာလပညာရေးကျောင်းတခုက ကျောင်းသား၊ ကျောင်းသူ ၂၀၀ ကျော်ကို မုန့်ဟင်းခါး ကျွေးမွေးခဲ့တယ်လို့  သူက ဆိုပါတယ်။ 

Chauk Guerrilla Force တပ်ဖွဲ့ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်မှာ စတင်ဖွဲ့စည်းခဲ့ပြီး တနှစ်တာ ကာလအတွင်း မစ်ရှင်ပေါင်း ၂၃ ခုကို ဖော်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရုပ်သံသတင်း #မြေလတ်သတင်း #CGF #NUG #မကွေးတိုင်း #ချောက်မြို့နယ် #ကြားကာလပညာရေး #နှစ်ပတ်လည်အခမ်းအနား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10