CHU-PDF ရဲ့ ခေါင်းဆောင်မှုဆိုင်ရာ သင်တန်းဆင်းပွဲ (photo-news)

CHU-PDF ရဲ့ ခေါင်းဆောင်မှုဆိုင်ရာ သင်တန်းဆင်းပွဲ (photo-news)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့၊ Chaung U People's Defence Force မှ ခေါင်းဆောင်တာဝန်ယူထားသူတွေကို ၂ လကြာ ခေါင်းဆောင်မှုဆိုင်ရာသင်တန်း ပြုလုပ်ခဲ့ပြီးနောက် မေလ၂၆ ရက်နေ့မှာ သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။


ဒီသင်တန်းဟာ အခြေခံတိုက်ခိုက်ရေးသင်တန်းကို တက်ရောက်အောင်မြင်ပြီး ခေါင်းဆောင်နေရာတွေ ပေးထားတဲ့ ရဲဘော် ၆၀ ကို တိုက်ပွဲဖော်ဆောင်ရာမှာ ဦးဆောင်တိုက်ခိုက်နိုင်စေဖို့အတွက် ပြုလုပ်ခဲ့တာဖြစ်တယ်လို့  Chaung U People's Defence Force မှ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။


"ကျနော်တို့ရဲ့အဖွဲ့က ခေါင်းဆောင်ငယ်လေးတွေကို တိုက်ပွဲတွေဖော်ဆောင်တဲ့အခါမှာ တပ်စု၊ တပ်စိတ်တွေကိုဦးဆောင်ပြီးတော့ စီမံခန့်ခွဲပြီးတိုက်ခိုက်နိုင်ဖို့အတွက် ပြုလုပ်ပေးခဲ့တာပါ။ ဒီဟာတွေရဲ့ပညာရပ်တွေကို သင်ကြားပေးခဲ့တာပါ။ ဒီသင်တန်းမှာ အကုန်လုံးက အမျိုးသားတွေဖြစ်ပါတယ်"
လို့ ဆိုပါတယ်။


သင်တန်းဆင်းပွဲအခမ်းအနားကို လုံခြုံရေးအခြေအနေကြောင့် ဒေသခံပြည်သူ ၁၀၀ ကျော်နဲ့ ချောင်းဦးမြို့နယ်တနေရာမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

စာတည်း - 007
#မြေလတ်အသံ
#စစ်ကိုင်း #ချောင်းဦး #သင်တန်း #ခေါင်းဆောင်မှု #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10