Campaign ရရှိငွေနဲ့ တော်ဝင်ဒေါင်းရဲဘော်တွေကို စစ်ဝတ်တန်ဆာတွေထောက်ပံ့

Campaign ရရှိငွေနဲ့ တော်ဝင်ဒေါင်းရဲဘော်တွေကို စစ်ဝတ်တန်ဆာတွေထောက်ပံ့

အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်း အမှတ် ၁ စစ်ဒေသနယ်မြေ၊ စစ်တောင်းမြစ်ဝှမ်းနဲ့ ပဲခူးရိုးမအကြားလှုပ်ရှားနေတဲ့ တော်ဝင်ဒေါင်းစစ်ကြောင်းက စစ်ဝတ်တန်ဆာတွေ လက်ခံရရှိခဲ့တယ်လို့ ဒီကနေ့ မေလ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

နယ်မြေစိုးမိုးရေးနဲ့ စစ်ဆင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ တော်ဝင်ဒေါင်းစစ်ကြောင်း ရဲဘော်တွေကို သရုပ်ဆောင်၊ ဒါရိုက်တာ ကိုပေါက်နဲ့ တောင်ပိုင်းတိုင်း ဆေးတာဝန်ခံတို့က စစ်ဝတ်တန်ဆာတွေ လာရောက်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီချပ်ဝတ်တန်ဆာတွေဟာ "ရိုးမခေါ်သံ" ကမ်ပိန်း(Campaign) က ရရှိငွေနဲ့ ထောက်ပံ့ပေးနိုင်ခဲ့တာဖြစ်ပြီး ကျည်ကာအကျီ၊ ကျည်ကာဦးထုပ်နဲ့ အခြားစစ်အသုံးအဆောင်ပစ္စည်းတွေကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

#တော်ဝင်ဒေါင်းစစ်ကြောင်း #ချပ်ဝတ်တန်ဆာ #ထောက်ပံ့မှု #ကိုပေါက် #ရိုးမခေါ်သံ #ကမ်ပိန်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10