Chauk Guerrilla Force အဖွဲ့က 79 သေနတ်တလက် ကမ်ပိန်းကာလ ရက်တိုးထား

Chauk Guerrilla Force အဖွဲ့က 79 သေနတ်တလက် ကမ်ပိန်းကာလ ရက်တိုးထား

မကွေးတိုင်း၊ ချောက်မြို့နယ်၊ Chauk Guerrilla Force အဖွဲ့က 79 သေနတ်တလက် ကမ်ပိန်းကာလ ရက်ထပ်တိုးထားတယ်လို့ ဒုခေါင်းဆောင် ဗိုလ်ပေတက ပြောပါတယ်။

Chauk Guerrilla Force တပ်ဖွဲ့ဟာ တော်လှန်ရေးအတွက် စစ်ရေးမစ်ရှင်တွေကို ထိထိဖော်ဆောင်နိုင်ဖို့အတွက် ဇွန် ၂၅ ရက်မှ ဩဂုတ် ၈ အထိ 79 သေနတ်တလက်ဝယ်ယူရရှိနိုင်ရေး ကမ်ပိန်းတခုကို ပြုလုပ်ရာမှာ ငွေကြေး မပြည့်သေးသလို ကမ်းပိန်းရက်မပြည့်ခင် Chauk Guerrilla Force အဖွဲ့ရဲ့ ဖေ့ဘွတ်စာမျက်နှာ ဖြုတ်ချခံရတဲ့အတွက် အခုလိုထပ်ပြီး ကမ်ပိန်းကာလ စက်တင်ဘာလအထိ သက်တမ်းတိုးလိုက်ရတာဖြစ် တယ်လို့ သူက ပြောပါတယ်။ 

“ဝိုင်အထုခံလိုက်ရလို့ (ဩဂုတ် ၅ ရက်)နေ့က ပြုတ်ကျသွားပါတယ်။ ၄ ရက်ဆက်တိုက်ဝိုင်းထုခံရတာ။ ဒီကိစ္စကလည်း တပ်ရင်းတပ်ဖွဲ့တွေမှာ တော်တော်များများဖြစ်ပေါ်နေပါတယ်” လို့ ဒုခေါင်းဆောင် ဗိုလ်ပေတက ရှင်းပြပါတယ်။

79 လက်နက်တလက်ဟာ ကျပ် သိန်း ၃၁၀ ခန့်ရှိပေမယ့် ကမ်းပိန်းငွေကြေးကို ကျပ်သိန်း ၂၅၀ အထိရရှိရန်သာ သတ်မှတ်ထားပြီး ကျန်ရှိတဲ့ငွေကြေးကို တပ်ဖွဲ့မှ စုဆောင်းထားတဲ့ ငွေနဲ့ ဖြည့်ဆည်ဝယ်ယူသွားမယ်လို့ ဆိုပါ တယ်။ 

“ဝယ်ပြီးရင် စခန်းတွေရှိတဲ့နေရာမျိုး၊ အရေးပေါ်လမ်းမှာ ဖြတ်တောက်ပြီးတော့ ချေမှုန်းရတဲ့နေရာမျိုးနဲ့ တိုက်ပွဲတွေမှာ အသုံးပြုသွားဖို့ ဒီကမ်ပိန်းကို လုပ်ရတာပါ” လို့ ဗိုလ်ပေတ က ဆိုပါတယ်။

Chauk Guerrilla Force တပ်ဖွဲ့က ကမ်ပိန်းအတွက် ကံစမ်းမဲလက်မှတ်တွေကို တစောင် ၅၀၀၀ ကျပ်နဲ့ မဲအစောင် ၅၀၀၀ ရောင်းချသွားမှာဖြစ်ပြီး ပထမဆုအနေနဲ့ ရဲမေတဦးရဲ့ ကိုယ်ပိုင် စိန်နားကပ်တရံ၊ ဒုတိယဆုကတော့ ကြိုက်နှစ်သက်ရာ ပုံတူခဲခြစ်ပန်းချီနဲ့ တတိယဆုကတော့ တာဝန်ခံ ကိုဘကွန်းရဲ့ နာရီတလုံးကို လက်ဆောင်ပေး သွားမှာဖြစ်ပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ချောက်မြို့နယ် #Chauk Guerrilla Force #79သေနတ် #ကမ်ပိန်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10