Chindwin Attack Force အထူးကွန်မန်ဒိုရဲဘော်တွေရဲ့ တော်လှန်သံချပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Chindwin Attack Force တပ်ရင်း (၂) (၃) (၄) က အထူးကွန်မန်ဒိုတပ်ဖွဲ့ ၂ ခုရဲ့ တော်လှန်သင်္ကြန်သံချပ်ကို PDF စခန်းတခုမှာ လုပ်ခဲ့ကြပါတယ်။

အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boy နဲ့ တပ်ရင်း ၄ တပ်ခွဲ ၃ Monywa Nightking အဖွဲ့က သင်္ကြန်ပိုးရှိတဲ့ ရဲဘော်တွေက စိတ်မွန်းကြပ်မှု ပြေပျောက်စေဖို့ ရည်ရွယ်ပြီး လုပ်ခဲ့တယ်လို့ Chindwin Attack Force ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။


"ကျနော်တို့က တောထဲမှာ နေနေတယ်။ မြို့ပေါ်မှာ တချို့လူတွေက ရေပက်နေတယ်။ ရေကစားနေတယ်။ ကလပ်တွေ မဏ္ဍပ်တွေမှာ ကစားနေတဲ့အချိန်မှာ ကျနော်တို့လည်း အရမ်းစိတ်မွန်းကြပ်တာပေါ့နော်။ ငါတို့ကသာ တော်လှန်ရေးကို အားစိုက်လုပ်နေတာ။ ပြည်သူတွေကတော့ နေသားကျနေပြီလားဆိုတဲ့ အတွေမျိုးတွေ တခါတလေကျ ပေါ်စေတယ်" လို့ ဆိုပါတယ်။

အရင်နှစ် သင်္ကြန်မှာတော့ Chindwin Attack Force တပ်ရင်းတွေအနေနဲ့ စစ်ဆင်ရေးတွေ လုပ်ခဲ့ပေမယ့် ဒီနှစ်မှာတော့ စခန်းမှာပဲ လက်နက်ခဲယမ်းစုဆောင်းတာတွေပဲ လုပ်သွားမယ်လို့ သိရပါတယ်။

တည်းဖြတ် - ဇို
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10