DBTF က နယ်မြေရှင်းလင်းရေးလုပ်ချိန် ပျူစောထီးတွေရဲ့ ရိက္ခာပစ္စည်းတွေ သိမ်းဆည်းရမိ

DBTF က နယ်မြေရှင်းလင်းရေးလုပ်ချိန် ပျူစောထီးတွေရဲ့ ရိက္ခာပစ္စည်းတွေ သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ချင်းတွင်းမြစ်ရိုးတလျှောက် စစ်ဆေးမှုလုပ်ဆောင်နေချိန် အမြန်ရေယာဉ်တစီးပေါ်ကနေ ပျူစောထီးတွေအတွက် သယ်ဆောင်လာတဲ့ ရိက္ခာပစ္စည်းတွေကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ Dragon Brothers Task Force ဆီက သိရပါတယ်။

ဇူလိုင်လ ၁၅ ရက် မနေ့ကမနက် ၁၀ နာရီခွဲဝန်းကျင်လောက်က မုံရွာကနေ နမ့်တောကိုထွက်လာတဲ့ ကုန်တင်ရေယာဉ်တစီးပေါ်ကနေ မင်းကင်းမြို့နယ်၊ ပန်းဆက် ပျူစောထီးရွာကို ပို့မယ့် အဝတ်အစားနဲ့ ရိက္ခာအချို့ကို ဖမ်းမိသိမ်းဆည်းခဲ့တာလို့ ဆိုပါတယ်။

“ကြိုတင်သတင်းကြားထားတာလည်း ရှိတယ်ပေါ့၊ နယ်မြေရှင်းလင်းရေးလုပ်ရင်း ကုန်တင်အမြန်ယာဉ်တစီးပေါ်မှာ မိတာ၊ လုပ်သားတွေကိုတော့ စစ်ကောင်စီထောက်တိုင် ပျူစောထီးတွေကို နောက်တခါ သယ်ယူပို့ဆောင်မပေးဖို့လည်း သတိပေးခဲ့တယ်။”လို့ Dragon Brothers Task Force - DBTF မှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပျူစောထီးပစ္စည်းတွေကိုတော့ စစ်ဘေးရှောင်တွေအတွက် သိမ်းဆည်းထားလိုက်ပြီး ရေယာဉ်နဲ့ လုပ်သားတွေကိုတော့ ခံဝန်ကတိထိုးခိုင်းကာ သတိပေးစကားပြောပြီးနောက် ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

DBTF အနေနဲ့ အခုလို ရေကြောင်းတွေကို စစ်ဆေးတာဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက စတင်လုပ်နေတာဖြစ်ပြီး၊ ယခုနှစ် ဇွန်လတုန်းကလည်း အစုန်အမြန်ရေယာဉ်တစီးပေါ်ကနေ ပျူစောထီးရွာကိုပို့မယ့် သံတိုသံစ၊ ဆန်၊ မြေပဲ စတာတွေကို ဖမ်းမိနိုင်ခဲ့သေးတယ်လို့ ဆိုပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #စစ်ကောင်စီ #ပျူ #ရေကြောင်း #DBTF #ရိက္ခာဖမ်းမိ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10