Drone စစ်ဆင်ရေးလုပ်ရင်း ဗုံးသီးပေါက်ကွဲခဲ့လို့ ရဲဘော်၃ဦး ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်က ရဲစခန်းနဲ့ ထွေအုပ်ရုံးကို ဒရုန်းနဲ့ တိုက်ခိုက်ချိန်မှာ ဒရုန်းလွှတ်ချိန်လေထဲမှာ ပေါက်ကွဲခဲ့လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOMက ရဲဘော် ၃ဦး ဒဏ်ရာရခဲ့ပါတယ်။

ဇူလိုင်၁၉ရက် အာဇာနည်နေ့ အထိမ်းအမှတ်အနေနဲ့ တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ဒရုန်း ၅စီးသုံးပြီး တိုက်ခိုက်ဖို့ စီစဥ်ခဲ့ပေမယ့် နောက်ဆုံးဒရုန်းက စလွှတ်လွှတ်ချင်းမှာ ပေါက်ကွဲသွားခဲ့တာဖြစ်တယ်လို့ CDSOMတာဝန်ခံက ပြောပါတယ်။

အာဇာနည်နေ့အတွက် သီးသန့်စီစဥ်ထားတဲ့ ပြင်းအားမြင့်ဗုံးတွေဖြစ်တဲ့အတွက် ဒရုန်းလွှတ်တင်ချိန် အနားမှာရှိတဲ့ ရဲဘော် ၃ဦးစလုံး ခန္ဓာကိုယ်အနှံ့ ဗုံးစထိမှန်ကာ ဒဏ်ရာရခဲ့ပြီး ရဲဘော်တဦးကတော့ လည်ပင်းမှာ တလက်မခန့် ဗုံးစဖောက်ထွက်သွားပြီး ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီဘက်ကလည်း ရဲစခန်းထဲမှာရှိတဲ့ ကား ၂စီးလုံးပျက်စီးခဲ့ပြီး ဗုံးသီးအကုန်လုံး ပစ်မှတ်ကိုကျအောင် ချနိုင်ခဲ့တဲ့အတွက် သေဆုံးပျက်စီးမှုများပေမယ့် အခြေနေအရ မစုံစမ်းနိုင်သေးဘူးလို့ ဆိုပါတယ်။

အဖွဲ့အနေနဲ့ ရဲဘော်တွေ စိတ်ပိုင်းဆိုင်ရာ အနားပေးဖို့အတွက် အချိန်အနည်းငယ်‌တော့ drone missionတွေ ရပ်နားထားမှာဖြစ်ပြီး ရဲဘော်တွေ ပြန်လည်အားပြည့်လာရင်တော့ တိုက်ပွဲတွေ ဆက်လက်ဖော်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

သူတို့ရဲ့ အဖြစ်အပျက်ကို သင်ခန်းစာယူပြီး အခုလို Drone စစ်ဆင်ရေးလုပ်နေတဲ့ မဟာမိတ်အဖွဲ့တွေနဲ့ တိုင်းနဲ့ ပြည်နယ်အသီးသီးက တော်လှန်ရေးအဖွဲ့တွေပါ ဆင်ခြင်နိုင်ဖို့အတွက် ဖော်ပြရခြင်းဖြစ်တယ်လို့ ကိုနွေဦးက ပြောပါတယ်။

တိုက်ခိုက်မှုကို  CDSOM၊ မြောင်မြို့နယ် ပလဖ အကြမ်းဖက်နှိမ်နှင်းရေး၊ မြောင်မြို့မတိုက်နယ် ပကဖ၊ စစ်ကိုင်းခရိုင် တပ်ရင်း ၂ တပ်ခွဲ ၃၊ စစ်ကိုင်းခရိုင်တပ်ရင်း ၆ တပ်ခွဲ ၃၊ CRF မြင်းမူ၊ Liberation Army of Central Army၊ ဖီးနစ်အဖွဲ့ (ရေစကြို)၊ Blood Brotherနဲ့ Bomb God တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10