သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စပိန်စူပါဖလား ၂၀၂၄ ဗိုလ်လုပွဲကို ဒီနေ့ည ဇန်နဝါရီ ၁၃ ရက် မြန်မာစံတော်ချိန် နံနက် ၁ နာရီ ၃၀ မိနစ်မှာ ရီရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ ယှဉ်ပြိုင်ကစားသွားကြမှာပါ။
ပြီးခဲ့တဲ့ ၂၀၂၃ နဲ့ ၂၀၂၂ စပိန်စူပါဖလား ဗိုလ်လုပွဲတွေမှာလည်း ဒီနှစ်သင်း တွေ့ဆုံခဲ့ကြပြီးတော့ ၂၀၂၃ ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်က ဗီနီးရှပ်ရဲ့ ဟက်ထရစ်အပါအဝင် ၄-၁ ရလဒ်နဲ့ ဖလားရရှိခဲ့ပြီး ၂၀၂၂ ဗိုလ်လုပွဲမှာတော့ ဘာစီလိုနာက ၁-၃ ရလဒ်နဲ့ ဖလားရရှိခဲ့တာ ဖြစ်ပါတယ်။
ဒီရာသီ လာလီဂါပွဲစဉ်အတွင်း တွေ့ဆုံမှုမှာတော့ ဘာစီလိုနာက ရီရဲလ်မက်ဒရစ်ကို သူတို့ရဲ့အိမ်ကွင်း ဘာနေဗြူးမှာပဲ ၀-၄ ရလဒ် ၄ ဂိုးပြတ်နဲ့ အနိုင်ကစားထားခဲ့တာပါ။
လက်ရှိ လာလီဂါအဆင့်ရပ်တည်မှုမှာတော့ ရီရဲလ်မက်ဒရစ်က အဆင့် ၁ နေရာနဲ့ ဘာစီလိုနာကတော့ အမှတ်ကွာဟချက် ၅ မှတ် အဆင့် ၃ နေရာမှာရပ်တည်နေပါတယ်။
ဒီပွဲမှာတော့ နှစ်သင်းစလုံးက ကစားသမားအစုံအလင်ပါဝင်လာကြမှာဖြစ်ပြီး လက်ရှိနိုင်ပွဲဆက်နေတဲ့ ရီရဲလ်မက်ဒရစ်က အနိုင်ရရှိဖို့ ပိုမိုအလေးသာနေပေမယ့် El Clasico Derby ဗိုလ်လုပွဲဖြစ်တာနဲ့အညီ အကြိတ်အနယ်ပွဲကောင်းတပွဲကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။
Photo - Sportskeeda.
#မြေလတ်အသံ
#ElClasico #စပိန်စူပါဖလား #ဗိုလ်လုပွဲ #ရီရဲလ်မက်ဒရစ် #ဘာစီလိုနာ
Share Share Share