Fixed Wing Drone တွေနဲ့တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ THU RAIN TR အဖွဲ့ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အခြေစိုက် THU RAIN TR အနေနဲ့ အညာဒေသက တိုက်ပွဲတွေမှာ ဒရုန်းစစ်ဆင်ရေးတွေ ဆက်လက်ဖော်ဆောင်နိုင်ဖို့အတွက် Fixed Wing Drone လိုအပ်နေပါတယ်။

THU RAIN TR အဖွဲ့ဟာ ပခုက္ကူ၊ မြိုင်၊ ရေစကြိုနဲ့ ပေါက်ဒေသတွေမှာ စစ်ကောင်စီကို တော်လှန်နေတာဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ တပ်ဖွဲ့ကို စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

တပ်ဖွဲ့စတင်ကတည်းက တပ်ဖွဲ့ဝင်ရဲဘော်တွေရဲ့ အိမ်တွင်းပစ္စည်းတွေကို ရောင်းချလို့ ရတဲ့ငွေနဲ့ရပ်တည်ခဲ့ကြပြီး လက်ရှိမှာ ရဲမေ ၅ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၃၃ ဦးရှိကာ မဟာမိတ်တပ်ဖွဲ့တွေနဲ့ အတူ စစ်ကောင်စီကို တော်လှန်နေတာလည်းဖြစ်ပါတယ်။

အညာဒေသမှာ စစ်ကောင်စီနဲ့ မြေပြင်တိုက်ပွဲတွေမှာ ရင်ဆိုင်နေရတဲ့ တချို့တော်လှန်ရေး အဖွဲ့တွေမှာ ကျည်ကာအင်္ကျီတွေနဲ့ လက်နက်အပြည့်အစုံမရှိတာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

လက်ရှိ THU RAIN TR အဖွဲ့မှာ ထိခိုက်ကျဆုံးမှု မရှိထားပေမယ့် ကျည်ကာအင်္ကျီနဲ့ လက်နက်ပြည့်စုံမှုမရှိတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်နိုင်ဖို့အတွက် မြေပြင်တိုက်ပွဲတွေအစား ဒရုန်းတွေနဲ့တိုက်ခိုက်ဖို့ လိုအပ်လာပါတယ်။

THU RAIN TR တပ်ဖွဲ့ဟာ မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းစစ်ဆင်ရေးအပါအဝင် တိုက်ပွဲပေါင်း ၂၀၀ ကျော်တိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရရှိသူ ၆၀ ကျော်ဝန်းကျင်နဲ့ သေဆုံးသူ ၃၀ ကျော်ရှိပြီလို့ ဆိုပါတယ်။

တပ်ဖွဲ့မှာလိုအပ်နေတဲ့ Fixed Wing Drone တွေကို ဝယ်ယူနိုင်ဖို့ "ရုန်းထပျံတက် ဖီးနစ်ငှက်များ" ကမ်ပိန်းကို THU RAIN TR အဖွဲ့က ပြုလုပ်နေပြီး လုံလောက်မှုမရှိသေးဘူးလို့ သိရပါတယ်။

တည်းဖြတ်  - ငြိမ်းဇော်

#မြေလတ်အသံ

#ပခုက္ကူ  #THURAIN_TR #Fixed_Wings_Drone #ဝယ်ယူရေး #ရုန်းထပျံတက်ဖီးနစ်ငှက်များ #ကမ်ပိန်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10