GZ Special Task Force ရဲ့ ရှစ်လေးလုံးအရေးတော်ပုံနေ့ လှုပ်ရှားမှု

GZ Special Task Force ရဲ့ ရှစ်လေးလုံးအရေးတော်ပုံနေ့ လှုပ်ရှားမှု

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အခြေစိုက် GZ  Special Task Force တပ်ဖွဲ့ဝင်တွေဟာ သြဂုတ် ၈ ရက် ဒီကနေ့မှာကျရောက်တဲ့ ၃၅ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် အခမ်းအနားတခု ပြုလုပ်ခဲ့တယ်လို့ အဲ့ဒီတပ်ဖွဲ့ဆီက သိရပါတယ်။ 

အခမ်းအနားမှာ ဦးဆောင်သူတွေရဲ့ တော်လှန်ရေးအတွေ့အကြုံနဲ့ ရဲဘော်တွေရဲ့ အတွေ့အကြုံတွေ ဖလှယ်ခဲ့ကြပြီး တပ်ဖွဲ့ဦးဆောင်သူ ကိုGZ က ရှစ်လေးလုံးအရေးတော်ပုံအကြောင်း ရှင်းပြခဲ့တယ်လို့ သိရပါတယ်။

ဒီအခမ်းအနားကို အထူးကွန်မန်ဒို စစ်သင်တန်းတက်ရောက်နေတဲ့ သံမဏိတပ်စိတ်၊ ကြယ်နီတပ်စိတ်နဲ့ နတ်ဆိုးဘုရင်တပ်စိတ်တို့က ရဲဘော်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

#မြေလတ်အသံ 

#စစ်ကိုင်း #ရွှေဘို #GZSpecialTaskForce #ရှစ်လေးလုံးအရေးတော်ပုံ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10