Golden Eagle Myaylatt အဖွဲ့ရဲ့ ပန်းသပိတ်နဲ့ ပိုစတာကမ်ပိန်း

Golden Eagle Myaylatt အဖွဲ့ရဲ့ ပန်းသပိတ်နဲ့ ပိုစတာကမ်ပိန်း

မကွေးတိုင်း၊ မကွေးမြို့၊ ကံသာကန်ဘောင်တောင်ဘက်ပေါက်မှာ ဇွန်လ ၁၉ ရက်ဒီမနက်က Golden Eagle Myaylatt မြို့ပြေပြာက်ကျားရဲဘော်တွေ ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် ပန်းသပိတ်နဲ့ ပိုစတာကမ်ပိန်း ပြုလုပ်ခဲ့ကြတယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။ 

ပိုစတာကမ်ပိန်းကို ဒီမနက် ၂ နာရီလောက်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး၊ မွေးနေ့အထိမ်းအမှတ်အဖြစ် ဆွမ်းကပ်လှူဒါန်းမှုတွေလည်း လုပ်ခဲ့တယ်လို့ သိရပါတယ်။ 

“မွေးနေ့ဆွမ်းကပ်တယ်၊ အမေစုရဲ့ ၇၈ နှစ်ပြည့်မွေးနေ့အတွက်ပေါ့၊ အဓိကတော့ ပုဂ္ဂိုလ်ဆိုတာထက် သူချမှတ်ခဲ့တဲ့လမ်းစဉ်၊ ဒီမိုကရေစီလမ်းကြောင်း၊ အဓိကတော့ အကုန်လုံးရည်မှန်းထားတဲ့ဖက်ဒရယ် အကုန်လုံးအတွက် အမှတ်တရအနေနဲ့ လုပ်ဆောင်ခြင်းဖြစ်ပါတယ်” လို့ Golden Eagle Myaylatt မှ ဗိုလ်လင်းယုန်က ပြောပါတယ်။

ကမ်ပိန်းပြုလုပ်နေချိန်အတွင်း စစ်ကောင်စီကားတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ဘေးကင်းစွာ တိမ်းရှောင်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ 

စာတည်း - လင်း 

 

#မြေလတ်အသံ 

#မကွေး #ပန်းသပိတ် #ပိုစတာကမ်ပိန်း #Golden_Eagle_Myaylatt

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10