Jammer ကားနဲ့ထွက်လာတဲ့ စစ်အုပ်စု မိုင်းဆွဲခံရလို့ ဗိုလ် ၁ ဦးအပါ ၄ ဦးဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မြပုလဲအထိုင်ဂိတ်ကနေ Jammer ကားနဲ့ထွက်လာတဲ့ စစ်အုပ်စုကို နိုဝင်ဘာ ၃ ရက် မနက် ၉ နာရီခွဲမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ချောင်းဦးမြို့ ၊ မုံရွေးတိုးဂိတ်အနီးမှာ M 18 မိုင်း ၃ လုံးနဲ့  ၂ ပွိုင့်ဆွဲပြီး တိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Group-CFG တာဝန်ခံ ကိုငှက်ခါးက ပြောပါတယ်။ 

အင်အား ၂၀ ပါတဲ့ အဲ့ဒီစစ်အုပ်စုကို ချောင်းဦးမြို့ မုံရွေးတိုးဂိတ်အနားမှာ မိုင်းဆွဲတိုက်ခိုက်ချိန် ပေါက်ကွဲမှုအတွင်း ကင်းစောင့်နေတဲ့ စစ်အုပ်စုဘက်က ဗိုလ်အဆင့်ရှိသူ ၁ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်သားတွေဟာ မုံရွာ နမခ တပ်ထဲကဖြစ်ပြီး ဒဏ်ရာရတဲ့သူ‌တွေကိုတော့ ပြည်သူ့ပိုင်ကား ၁ စီးကို ချောဆွဲပြီး မုံရွာ နမခ တပ်ထဲကို သယ်သွားတယ်လို့ CFG တာဝန်ခံ ကိုငှက်ခါးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Chindwin Fighter Group-CFG၊ Brave Heart ARMY.BHA နဲ့ Myaung Revolution ARMY.MRA တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ချောင်းဦး #စစ်အုပ်စု #Jammer #မိုင်းဆွဲ #ထိခိုက် #ဗိုလ်၁ဦးအပါ၄ဦး #PDF 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10