KIA၊ PDF ၁၀ဦး လက်နက်ချအလင်းဝင်တယ်ဆိုတာ မသိဘူးလို့ ဗိုလ်မှူးကြီး နော်ဘူ တုံ့ပြန်

KIA နဲ့ PDF တပ်ဖွဲ့၀င်တွေ စစ်ကောင်စီထံ လက်နက်ချ အလင်း၀င်တယ်ဆိုတာ သူ့အနေနဲ့မသိဘူးလို့ ကချင်လွတ်မြောက်ရေးတပ် - KIA သတင်းနဲ့ ပြန်ကြားရေးတာ၀န်ခံ ဗိုလ်မှူးကြီး နော်ဘူက မြေလတ်အသံကို ပြောပါတယ်။

မြစ်ကြီးနားအခြေစိုက် စစ်ကောင်စီရဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ KIA/PDF ၁၀ ဦး အလင်းဝင်ရောက်လာတယ်လို့ နို၀င်ဘာ ၂ ရက်မနေ့ညပိုင်းက စစ်တပ်ပိုင်မြဝတီသတင်းမှာ ဖော်ပြလာတဲ့အပေါ်မှာ  ဗိုလ်မှူးကြီးနော်ဘူက တုံ့ပြန်ပြောဆိုထားတာပါ။

ပြစ်မှုကျူးလွန်မှုမရှိတဲ့ KIA၊ PDF အဖွဲ့ဝင် ၁၀ ဦးဆိုပြီး စစ်ကောင်စီရဲ့ မြဝတီသတင်းရုပ်သံမှာ မျက်နှာကိုကာထားတဲ့ ပြောက်ကျားယူနီဖောင်းဝတ်အမျိုးသားတွေကိုလည်း ဖော်ပြထားပါတယ်။

စစ်ကိုင်းအထက်ပိုင်းဒေသနဲ့ ကချင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်စခန်းတွေကို KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်နေတာဖြစ်ပြီး အောက်တိုဘာလအတွင်းမှာ စစ်ရေးအရ အရေးပါတဲ့ အဓိကတပ်စခန်းတွေဖြစ်တဲ့ အောင်ဂျာ၊ ကန်တောင်ယန်၊ နမ့်ဟိုင်းစတဲ့ စစ်စခန်းတွေကို KIA တပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် KIA၊ PDF တွေ အလင်းဝင်လာတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။

#မြေလတ်အသံ

#ကချင် #စစ်ကိုင်း #KIA #PDF #အလင်းဝင် #စစ်တပ် #ဝါဒဖြန့် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10