သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ထဲက KNLA တပ်မဟာ ၂၊ တပ်ရင်း ၆ ထိန်းချုပ်နယ်မြေထဲရှိ နေရာတခုက PDF လက်နက်ထုတ်လုပ်ရေးစခန်းတခု စီးနင်းခံရပြီး လက်နက်တွေ သိမ်းဆည်းခံလိုက်ရတယ်လို့ ကာကွယ်ရေးအဖွဲ့ဝင်အချို့ထံက သိရပါတယ်။
ဇူလိုင် ၂၉ ရက်မနက်မှာ စစ်ကောင်စီဘက်က အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး လေကြောင်းသုံးတိုက်ခိုက်မှုတွေပါ လုပ်ခဲ့တာလို့ ဆိုပါတယ်။
"မြေပြင်တိုက်ပွဲ ဖြစ်ခဲ့တာဟုတ်တယ်။ လက်နက်ထုတ်လုပ်ရေးစခန်းတခု သိမ်းခံလိုက်ရတာလည်း ဟုတ်ပါတယ်။ သိမ်းဆည်းခံရတဲ့ လက်နက်တွေကလည်း လက်လုပ်တွေပါ" လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
၃ နာရီခန့်ကြာတိုက်ပွဲပြီးနောက် လက်နက်ထုတ်လုပ်ရေးနေရာ သိမ်းခံလိုက်ရပြီး FGC-9 MKII လက်လုပ် အလက်ရေတော်တော်များများ သိမ်းခံလိုက်ရသလို ကျည်ဘောက်တွေနဲ့ ကျည်တွေလည်း သိမ်းခံလိုက်ရတယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်းမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။
စစ်ကောင်စီထောက်ခံ တယ်လီဂရမ်တွေမှာတော့ KNLA တပ်မဟာ ၂၊ တပ်ရင်း ၆ စခန်းတခုကို သိမ်းဆည်းရမိပြီး FGC-9 MKII ၆၀ လက်၊ ကျည်အိမ် ၁၂၀ ခု၊ ၁၂ ဗို့ကျည် ၉၉၂ တောင့်၊ ၉ မမ ကျည် ၂၇၀၈ တောင့်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားကြပါတယ်။
မေလ ၁၀ ရက်ကလည်း ထန်းတပင်မြို့နယ်၊ ညောင်ပင်သာကျေးရွာ မြောက်ကမ်းအနီးမှာ ထန်းတပင်မြို့နယ်အခြေစိုက် ခလရ ၇၃ နဲ့ KNU၊ PDF ပူးပေါင်းမဟာမိတ်အဖွဲ့တို့ တိုက်ပွဲဖြစ်ချိန် စစ်ကောင်စီဘက်က အရာရှိအပါ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီးနောက် စစ်ကောင်စီဘက်က ညောင်ပင်သာရွာထဲကို စစ်ကြောင်းထိုးဝင်လာပြီးကလေးငယ် ၅ ဦးအပါအဝင် ပြည်သူ ၁၉ ဦးကိုဖမ်းဆီးသတ်ဖြတ်ပြီး မီးရှို့ခဲ့သေးတယ်လို့ သိရပါတယ်။
ပုံစာ - စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထားသည့် လက်နက်ပစ္စည်းများ။
စာတည်း - နွေဦးငြိမ်းချမ်း
#မြေလတ်အသံ
#သတင်း #ပဲခူးတိုင်း #ထန်းတပင် #KNU #KNLA #PDF #လက်နက် #ထုတ်လုပ်ရေး #စခန်း #စီးနင်းခံရ #စစ်ကောင်စီ
Share Share Share