LPDF အဖွဲ့က သံမရှိလို့ သေနတ်ကို သတ္တုဖြင့် စမ်းသပ်ထုတ်လုပ်ရာ မအောင်မြင်

LPDF အဖွဲ့က သံမရှိလို့ သေနတ်ကို သတ္တုဖြင့် စမ်းသပ်ထုတ်လုပ်ရာ မအောင်မြင်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အခြေစိုက် လက်နက်ထုတ်လုပ်ရေးအဖွဲ့တခုဖြစ်တဲ့ Bant Two (LPDF)အဖွဲ့က M4 သေနတ် တလက်ကို သြဂုတ် ၃ရက်က ထုတ်လုပ်ပြီးစီးလို့ စမ်းသပ်ပစ်ခတ်ရာမှာ သေနတ်ရဲ့ Gas လိုင်းကျိုးသွားသဖြင့် ထုတ်လုပ်မှု မအောင်မြင်ဖြစ်ခဲ့ရတယ်လို့ အဲ့ဒီအဖွဲ့ရဲ့ခေါင်းဆောင် ကိုလင်းက ပြောပါတယ်။

သံထည်နဲ့ပြုလုပ်ရမယ့်နေရာမှာ သံအရည်ကျိုစရာ စက်မရှိတဲ့အတွက် သတ္တုကိုအစားထိုးပြီး M4 အမျိုးအစား သေနတ်တလက်ကို စမ်းသပ်ထုတ်လုပ်ရာမှာ အခုလို Gas လိုင်းက ကျိုးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။ 

"သေနတ်ကို ၃ ချက်ပစ်ခတ်လိုက်တဲ့အခါမှာ Gas လိုင်းက မခံနိုင်တော့ကျိုးသွားတာ။ ကျနော်တို့က LPDF ဖြစ်တော့ ကုန်ကြမ်းဝယ်ဖို့ ငွေကြေးမတတ်နိုင်ဘူး။ အခုက ရဲဘော်တွေရဲ့ မိသားစုဝင်တွေဆီက ပိုက်ဆံချေးပြီး လုပ်နေရတာ" လို့ Bant Two(LPDF) ခေါင်းဆောင်ကိုလင်းက ပြောပါတယ်။

အခုလို M4 မောင်းပြန်သေနတ်တလက်ကို ပစ္စည်းအပြည့်အစုံနဲ့ ထုတ်လုပ်မယ်ဆိုရင် ရက်ပေါင်း ၁၅ ရက်သာ ကြာမြင့်မှာဖြစ်ပေမယ့် အခုတလက်ကို ပစ္စည်းတွေ မစုံမလင်နဲ့ထုတ်လုပ်ခဲ့ရတာကြောင့် ၂ လခန့် ကြာမြင့်ခဲ့တယ်လို့ သူကဆိုပါတယ်။

Bant Two အဖွဲ့ဟာ အခုနှစ် ဧပြီလအတွင်းမှာလည်း အခုလို M4 သေနတ်တလက်ထုတ်လုပ်အောင်မြင်ခဲ့ပြီး အဲ့ဒီသေနတ်နဲ့ တိုက်ပွဲတွေဖော်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

M4 သေနတ်တလက်ရဲ့ ထုတ်လုပ်ကုန်ကျမှုစရိတ်ကတော့ ကျပ်သိန်း ၃၀ ခန့် (ဒေါ်လာ ၁၀၀၀ ဝန်းကျင်) ကုန်ကျတယ်လို့ ကိုလင်းက ပြောပါတယ်။

Bant Two အဖွဲ့ဟာ ကိုယ်တိုင်သေနတ်ထုတ်လုပ်ပြီး တိုက်ပွဲဝင်နေတဲ့အဖွဲ့ဖြစ်သလို တခြားတော်လှန်ရေး အဖွဲ့တွေရဲ့ ပျက်စီးသွားတဲ့ လက်နက်တွေကိုလည်း အခကြေးငွေမယူဘဲ လိုက်ပြင်ပေးတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင်မြို့နယ် #လက်နက်ထုတ်လုပ်ရေးအဖွဲ့ #Bant_Two_LPDF #M4 #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10