MDF ရဲဘော်တွေရဲ့ တော်လှန်သီတင်းကျွတ်

MDF ရဲဘော်တွေရဲ့ တော်လှန်သီတင်းကျွတ်

စစ်ကိုင်းတိုင်းအခြေပြု Myanmar Defence Force (MDF) ရဲ့ တော်လှန်သီတင်းကျွတ် ဆီမီးပူဇော်ပွဲကမ်ပိန်းကို စစ်ကိုင်းတိုင်းအတွင်းက တပ်စခန်းတနေရာမှာ အောက်တိုဘာ ၂၈ ရက် မနေ့နဲ့ ဒီနေ့  ၂၉ ရက် လပြည့်နေ့တို့မှာ ပြုလုပ်ခဲ့ကြပါတယ်။

အရင်နှစ်တွေက သီတင်းကျွတ်လပြည့်နေတွေမှာ အားကစားပွဲတွေလုပ်လေ့ရှိပေမယ့် အခုနှစ်က စစ်နယ်မြေဖြန့်ကျက်မှုတွေ လုပ်ဆောင်နေလို့ အားကစားပွဲတွေမလုပ်နိုင်ဘဲ မီးထွန်းတာ၊ ဘုန်းကြီးကျောင်းဆွမ်း၊ သင်္ကန်းလှူတာနဲ့ ရဲဘော်တွေစုပြီး မုန့်လုပ်စားကြတာပဲရှိတယ်လို့ MDF တာဝန်ရှိသူတဦးက ပြောပါတယ်။

"ရဲဘော်တွေ ပြန်ချင်ကြတယ်။ ဒေသတွင်းထဲက ရဲဘော်တွေကတော့ ရက်တိုခွင့်နဲ့ပြန်ရလို့ ပျော်ကြတယ်။ တချို့လမ်းကြောင်းတွေနဲ့ နယ်လွန်နေကြတဲ့ရဲဘော်တွေ၊ ရပ်ဝေးက ရဲဘော်တွေကတော့ အိမ်မပြန်ရလို့ ဖုန်းနဲ့ဆက်ကန်တော့တာမျိုး လုပ်ကြရတယ်။ အင်တာနက်မရတော့ Video call လည်း ခေါ်မရတဲ့အခြေအနေပါ" လို့ ဆိုပါတယ်။

တချို့ရဲဘော်တွေဟာ အမွေဖြတ်ခံထားရတာရှိလို့ ဖုန်းဆက်ကန်တော့ခွင့်မရသူတွေလည်းရှိသလို မိသားစုလုံခြုံရေးကြောင့် ဆက်သွယ်လို့မရသူတွေလည်း နှစ်နဲ့ချီရှိသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ၂၈ ရက် မနေ့က တော်လှန်ရေး ရက် ၁၀၀၀ ပြည့်ကို အမှတ်ရပြီး ခုထက်ပိုပြီး တော်လှန်ရေး မရှည်ကြာစေဖို့ ပြိုင်တူ စုရုန်းလုပ်ဆောင်ကြဖို့အတွက် နှိုးဆော်တာလည်းဖြစ်တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

#သတင်း #စစ်ကိုင်း #တော်လှန်သီတင်းကျွတ် #ဆီမီးပူဇော်ပွဲ #MDF #တော်လှန်ရေး #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10