MDF အဖွဲ့က Shar-Htoo-Waw နည်းပညာဖြင့် Fixed Wings Drone နဲ့ အီနာဂါဗုံးသီး ထုတ်လုပ်အောင်မြင် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် အခြေစိုက်ပြီး စစ်ကောင်စီကိုတော်လှန်နေတဲ့ Myaung Drone Force MDF အဖွဲ့က Shar-Htoo-Waw နည်းပညာဖြင့် Fixed Wings Drone နဲ့ အီနာဂါဗုံးသီးကို အခုနှစ်ဧပြီလဆန်းပိုင်းမှာထုတ်လုပ်မှု အောင်မြင်ခဲ့တယ်လို့ သိရပါတယ် ။

နည်းပညာပိုင်းကိုတော့ စစ်ကိုင်းခရိုင် Drone တပ်ရင်းဆီမှာ တက်ရောက်သင်ကြားခဲ့ပြီး Shar-Htoo-Waw နည်းပညာဖြင့် Fixed Wings Drone နဲ့ အီနာဂါဗုံးသီးတွေကို ထုတ်လာနိုင်ခဲ့တယ်လို့ Myaung Drone Force MDF မှ ကျားခင်စိန်က ပြောပါတယ်။ 

၂၀၂၄ ခုနှစ် ၂ လပိုင်းလောက်မှာ သင်တန်းပြီးခဲ့ပြီး ၄ လပိုင်းမှာ Fixed Wings Drone တွေနဲ့ တိုက်ပွဲ ၇ ပွဲကိုလည်း ဆင်နွှဲခဲ့တယ်လို့ သိရပါတယ်။

"ကျနော်တို့က သင်တန်းတက်ပြီး ကိုယ်တိုင်ပြန်လုပ်ကြတာ။ ကျနော်တို့ ရဲမေတွေကို သင်တန်းပြန်ပို့ချတယ်။ Drone မှာတပ်တဲ့ အီနာဂါဗုံးသီးပါ ကျနော်တို့က ကိုယ်တိုင်ထုတ်လုပ်နေပါပြီ။ ကျနော်တို့ တိုက်ပွဲ ၇ ပွဲလောက်ဆင်နွှဲပြီးပြီ။ အောင်အောင်မြင်မြင်နဲ့ လုပ်ဆောင်နိုင်ခဲ့တယ်။ ကျနော်တို့က ပွဲမတိုးခင်မှာ ပိုပြီးသေချာတိကျအောင် လေ့ကျင့်မှုတွေအများကြီး လုပ်ခဲ့တယ်" လို့ ဆိုပါတယ်။

Fixed Wings Drone တွေဟာ မကြာခဏ ပျက်ကျတာတွေဖြစ်တတ်တာကြောင့် အရံထားဖို့အတွက် Fixed Wings Drone တွေကို စုဆောင်းနေသလိုထုတ်လုပ်ရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေက ရှားပါးနေပြီး ဝယ်ယူရေးမှာလည်း ငွေကြေးအခက်အခဲဖြစ်တာတွေ ရှိတယ်လို့ ကျားခင်စိန်က ပြောပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#မြောင်  #FixedWingsDrone  #အီနာဂါဗုံးသီး  #MyaungDroneForce #MDF 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10