NLD လွှတ်တော်အမတ်ဦးဝင်းမြင့်အောင် ကို PDF က ဖမ်းဆီးထိန်းသိမ်း

NLD လွှတ်တော်အမတ်ဦးဝင်းမြင့်အောင် ကို PDF က ဖမ်းဆီးထိန်းသိမ်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် NLD လွှတ်တော်အမတ်ဟောင်း ဦးဝင်းမြင့်အောင်ကို ဒီပဲယင်းဒေသခံ ကာကွယ်ရေးအဖွဲ့တခုက ဖမ်းဆီးထားတယ်လို့ ဒီပဲယင်းမြို့နယ်အခြေအစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တွေဆီ သိရပါတယ်။

ဇွန်လ ပထမပတ်လောက်က ရွှေဘိုမြို့မှာ ထောင်ကျနေတဲ့ ညီဖြစ်သူဆီကို ထောင်ဝင်စာတွေ့ဖို့ အသွားမှာ စစ်ဆေးစရာရှိတယ်ဆိုကာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

“ကျုပ်တို့သိရ‌သလောက်ဆိုရင် သူက လက်နက်ကိုင်တော်လှန်ရေးကို အားမပေးဘူး၊ စိုင်ပြင်မှာဆိုရင် ငြိမ်းချမ်းရေး တရားဟောတဲ့ပုံစံမျိုးတွေ ကြားရတယ်။ အဲ့တာတွေနဲ့ ပတ်သက်ပြီး သူ့ကိုစောင့်ကြည့်နေတဲ့ အဖွဲ့တွေလည်း ရှိတယ်၊ အဲ့နောက်မှာတော့ ခုလိုဖမ်းဆီးထိန်းသိမ်းခံရတာ။ တကယ်လို့ စစ်ဆေးတွေ့ ရှိလာရင်လည်း NUG ရဲ့စည်းမျဉ်းဥပဒေအတိုင်းပဲ ပုဒ်မတပ်ပြီးတော့ တရားစွဲတာတွေ လုပ်လိမ့်မယ်လို့တော့ ယူဆပါတယ်" လို့ ဒီပဲယင်းအခြေစိုက် ကာာကွယ်ရေးအဖွဲ့တခုမှ အမည်မဖော်လို့တဲ့ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

NLD လွှတ်တော်အမတ်ဟောင်း ဦးဝင်းမြင့်အောင်ကို ဘယ်အဖွဲ့က ဖမ်းဆီးထားလည်းဆိုတာနဲ့ စုံစမ်းစစ်ဆေးနေမှု အခြေနေတွေကိုတော့ ထုတ်ဖော်ပြောခွင့်မရှိသေးသလို သေချာလည်း မသိရသေးဘူးလို့ သူကဆိုပါတယ်။ 

ဒီပဲယင်းအခြေစိုက် တခြားတော်လှန်ရေးအဖွဲ့တခုမှ တပ်ဖွဲ့ဝင်တဦးကလည်း အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး “ကာကွယ်ရေးအဖွဲ့အစည်းတခုက ဖမ်းသွားတယ်လို့တော့သိရတယ်။ ကျတော် ကြားသိတဲ့အချိန်တုန်းကတော့ ၁၀ ရက်လောက်ရှိပြီ။ ဘယ်အဖွဲ့ကဖမ်းသွားလည်းတော့ သေချာမသိရဘူး”လို့ ပြောပါတယ်။

ဦးဝင်းမြင့်အောင်ကို ပြီးခဲ့တဲ့ မတ်လ ၃ရက်က ပြည်သူ့ဆန္ဒသဘောထားကို လေးစာမှုမရှိဘဲ ပါတီ၏ရပ်တည်ချက်ကို ဆန့်ကျင်တဲ့အပြင် ပါတီနာမည်ကို အလွဲသုံးစားလုပ်ဆောင်တယ်ဆိုပြီး NLD ပါတီ ဗဟိုအလုပ်ကော်မတီကနေ ထုတ်ပယ်ထားတာလည်း ဖြစ်ပါတယ်။

 

စာတည်း - လင်းဇေ

 

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဒီပဲယင်းမြို့နယ် #NLD #လွှတ်တော်အမတ် #PDF #ဖမ်းဆီးထိန်းသိမ်း #ဦးဝင်းမြင့်အောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10