NUG ဒုဝန်ကြီး မကွေးတိုင်း ၆ မြို့နယ်မှာ ပထမဆုံးအကြိမ် မြေပြင်တွေ့ဆုံပွဲတွေ ပြုလုပ်ခဲ့ (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ပြည်ထောင်စုဒုဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်းဟာ မကွေးတိုင်း၊ ၆ မြို့နယ်က ပအဖ၊ ပကဖ၊ PDFနဲ့ ပြည်သူတွေကို မြေပြင်မှာ တိုက်ရိုက်သွားရောက်တွေ့ဆုံပြီး တော်လှန်ရေးကိစ္စရပ်များကို ဆွေးနွေးဖလှယ်ခဲ့ကြတယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့အထိ ရက်ပေါင်း ၂၀ ကြာ မြေပြင်ခရီးစဉ်မှာ လူသားစာနာလုပ်ငန်းကိုလုပ်ဆောင်နေကြတဲ့ ဘာသာရေးခေါင်းဆောင်တွေနဲ့ စစ်ဘေးရှောင်စခန်း ၈ ခုကိုလည်း သွားရောက်ခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ပြည်သူတွေနဲ့ပတ်သက်လို့ ပြည်သူတွေအဓိကလိုချင်တဲ့ တော်လှန်ရေးကို အောင်မြင်အောင်တိုက်မယ်ဆိုတဲ့ ကတိကိုလည်း ဆွေးနွေးပွဲတက်ရောက်လာတဲ့ ပြည်သူတွေကို သတင်းစကားပါးလိုက်သေးတယ်လည်း ဆိုပါတယ်။

တွေ့ဆုံမှုအတွင်း မီးရှို့ခံထားရတဲ့ ဒေသက ပြည်သူတွေနဲ့လည်း တွေ့ဆုံခဲ့တာတွေရှိပြီး NUG အစိုးရရဲ့ လုပ်ဆောင်နေမှုများနဲ့ တော်လှန်ရေးပြည်တွင်းပြည်ပအခြေအနေတွေကို ရှင်းလင်းပြောကြားခဲ့သလို လူသားစာနာဝန်ကြီးဌာရဲ့ ကူညီမှုတွေကိုလည်း ပေးအပ်ခဲ့သေးတယ်လို့ သိရပါတယ်။

ခရီးစဉ်အတွင်းမှာ ဒေသတွင်းမှာရှိတဲ့ ရဲဘော်တွေနဲ့ ပြည်သူတွေက မြေပြင်ရှင်းလင်းရေးကို ပြုလုပ်ပေးခဲ့ကြတာဖြစ်ပြီး မြေပြင်ဆင်းနိုင်ဖို့ ၃ ကြိမ်တိုင်တိုင်ကြိုးစားခဲ့ရပြီးနောက်မှ အခုလို အောင်မြင်စွာ တွေ့ဆုံနိုင်ခဲ့တာလို့ ဒုဝန်ကြီးကဆိုပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မကွေးတိုင်း #NUG #ဒေါက်တာငိုင်းတမ်မောင်း #လူသားစာနာ #ဝန်ကြီးဌာန #မြေပြင်တွေ့ဆုံမှု #ပအဖ #ပကဖ #PDF #ပြည်သူလူထု #နွေဦးတော်လှန်ရေး #လူထုတွေ့ဆုံပွဲ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10