NUG ဖွင့်တဲ့ စာသင်ကျောင်းတက် ကျောင်းသားရဲ့မိဘကို ဖမ်းပြီးတဲ့နောက် ဆရာ၊ ဆရာမတွေကို ဆက်တိုက်ဖမ်းဆီး

NUG ဖွင့်တဲ့ စာသင်ကျောင်းတက် ကျောင်းသားရဲ့မိဘကို ဖမ်းပြီးတဲ့နောက် ဆရာ၊ ဆရာမတွေကို ဆက်တိုက်ဖမ်းဆီး

စစ်ကိုင်းမြို့က မီးရထား CDM ဦးကျော်မင်းဌေးရဲ့ သမီးငယ်နှစ်ဦးကို NUG အစိုးရက ဖွင့်လှစ်တဲ့ စာသင်ကျောင်းမှာ ကျောင်းတက်လို့ဆိုပြီး အဖေဖြစ်သူကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် မန္တလေးမြို့က CDM ဆရာ၊ ဆရာမတွေကို ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဦးကျော်မင်းဌေးဟာ စစ်ကိုင်းမြို့၊ ရွာထောင် မီးရထားဘူတာက CDM တဦးဖြစ်ပြီး ၉ တန်းကျောင်းသူ သမီးငယ်နဲ့ ၃ တန်းကျောင်းသူ သမီးငယ်နှစ်ဦးဟာ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)က ဖွင့်လှစ်ထားတဲ့ Bright Future Federal School (BFFS )မှာ ကျောင်းတက်နေတာကြောင့် ဇူလိုင် ၂၇ ရက်က ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

"ကလေးတွေတော့ မဖမ်းသွားဘူး။ အဖေဖြစ်သူကိုတော့ ဖမ်းသွားပြီး ချက်ချင်းစစ်ကြောရေးပို့လိုက်တယ်လို့ ကြားတယ်" လို့ မြို့ခံတဦးက ပြောပါတယ်။

အဲဒီနောက် ဆက်စပ်ပြီး မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှ CDM ကျောင်းဆရာ ဝေယံမင်းထိုက်နဲ့ မဟာအောင်မြေမြို့နယ်မှ CDM ကျောင်းဆရာမ ဒေါ်မြင့်မြင့်သန်းတို့ကိုပါ စစ်အုပ်စုက ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်အုပ်စုဟာ မန္တလေးမြို့ပေါ်က ပုဂ္ဂလိကစာသင်ကျောင်းတွေမှာ CDM ကျောင်းဆရာ၊ ဆရာမတွေ ခန့်ထားခြင်း ရှိ၊မရှိကိုပါ စစ်ဆေးနေတယ်လို့လည်း မန္တလေးမြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့လပိုင်းကလည်း NUG ကြားကာလပညာရေးစာသင်ကျောင်းမှာ ကျောင်းဆရာမအဖြစ်လုပ်လို့ဆိုပြီး မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်က ကျောင်းဆရာမတဦးကို စစ်အုပ်စုက ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းမြို့ #မီးရထား #CDM #NUG #BrightFutureFederalSchool(BFFS) #ဆရာမ #စာသင်ကျောင်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10