NUGရဲ့ တောင်ပိုင်းတိုင်း ရိုးမစစ်ကြောင်း ၂ က စစ်ကြောင်းရောက်ရာဒေသမှာ အကျိုးပြုတွေ လုပ်နေဟုဆို

NUGရဲ့ တောင်ပိုင်းတိုင်း ရိုးမစစ်ကြောင်း ၂ က စစ်ကြောင်းရောက်ရာဒေသမှာ အကျိုးပြုတွေ လုပ်နေဟုဆို

ပဲခူးတိုင်းဒေသကြီးအခြေစိုက်၊ အထူးကွန်မန်ဒိုတပ်ရင်း တောင်ပိုင်းတိုင်း ရိုးမစစ်ကြောင်း ၂ အနေနဲ့ အ​​ခြေပြုရာ မြို့နယ်အပါအဝင် စစ်ကြောင်းရောက်ရှိရာနေရာတွေမှာ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို ပြည်သူတွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ရိုးမစစ်ကြောင်း ၂ ထံက သိရပါတယ်။

လူထုစည်းရုံးရေးတရပ်အနေနဲ့ ပြည်သူတွေရဲ့ လိုအပ်ချိန်ကို နိုင်တဲ့အားနဲ့ ဝိုင်းဝန်းကူညီထောက်ပံ့တာ၊ လုပ်အားအနေနဲ့ ပါဝင်ကူညီတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

"ကျနော်တို့က ၂၀၂၂ လောက်ကတည်းက ရွာတွေကို နယ်​မြေလုံခြုံရေးထွက်တိုင်း၊ ရွာတွေမှာ တပ်ချအခြေပြုတိုင်း သူတို့လိုအပ်တာတွေကို နိုင်သလောက်ဝိုင်းလုပ်ပေးခဲ့ပါတယ်။ ပြည်သူလိုအပ်တာကိုလုပ်ပေးမှ ပြည်သူကလည်း ကျနော်တို့အဖွဲ့တွေအပေါ် ပိုမိုယုံကြည်လာမှာပါ။ ပြည်သူယုံကြည်မှ ကျနော်တို့လုပ်ငန်းကလည်း ပိုအောင်မြင်လာမှာ" လို့ ရိုးမစစ်ကြောင်း ၂ တာဝန်ခံက ပြောပါတယ်။

ပြည်သူအကျိူးပြုလုပ်ငန်းတွေဖြစ်တဲ့ လမ်းတံတားပြုပြင်တာ၊ ကလေးငယ်တွေအတွက် ကျောင်းသုံးစာရေးကိရိယာတွေရရှိဖို့ NUG နဲ့ ချိတ်ဆက်ဆောင်ရွက်ပေးတာ၊ စားဝတ်နေရေးခက်ခဲမှုရှိတဲ့ ပြည်သူအချို့ကို စစ်ကြောင်းရိက္ခာထဲက ခွဲဝေထောက်ပံတာတွေ လုပ်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ရိုးမစစ်ကြောင်း ၂ ဖွဲ့စည်းပြီးတဲ့ ၂ နှစ်ဝန်းကျင်ကာလအတွင်း ပြည်သူ့ အကျိုးပြု လုပ်ငန်းတွေကိုတော့ ထန်းတပင်၊ ကျောက်ကြီးနဲ့ မုန်းမြို့နယ်ထဲက ကျေးရွာ ၂၀ လောက်မှာ လုပ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #NUG #တောင်ပိုင်းတိုင်း #ရိုးမစစ်ကြောင်း #ပြည်သူအကျိုးပြု #ပညာရေး #ရိက္ခာ #လမ်းတံတား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10