NUG အစိုးရအနေနဲ့ ရေများရာမိုးမရွာဖို့ မြင်းခြံခရိုင် တပ်ရင်း ၉ သံချပ်ထိုး (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေနဲ့ ရေများရာ မိုးမရွာဘဲ အညာဒေသကတပ်ဖွဲ့တွေကို လက်နက်ခဲယမ်း ထောက်ပံ့ပေးစေချင်တယ်လို့ မြင်းခြံခရိုင်တပ်ရင်း ၉ Myingyan Black Tiger-MBT ရဲဘော်တွေက သံချပ်ထိုးပြီး‌ တောင်းဆိုခဲ့တယ်လို့ အဲဒီအဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲ က ပြောပါတယ်။ 

မကွေးတိုင်း၊ ရေစကြိုမြို့အခြေစိုက်တဲ့ မြင်းခြံခရိုင် အမှတ် ၉ တပ်ရင်း Myingyan Black Tiger-MBT အဖွဲ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ တပ်ရင်းတခုလည်းဖြစ်ပါတယ်။ 

အဆိုပါသံချပ်ကို Myingyan Black Tiger-MBT အဖွဲ့မှ ရဲဘော်ဆရာမိုးက ရေးစပ်ပေးခဲ့တာဖြစ်ပြီး ဧပြီ ၁ ရက်မှစတင်ကာ သံချပ်ထိုးလေ့ကျင့်ကာ ဧပြီ ၄ ရက်မှာ အပြီးသတ် သံချပ်ထိုးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။  

သံချပ်ရဲ့ သဘောတရားအရ တော်လှန်ရေးကာလမှာ လူငယ်တွေရဲ့ ခံစားချက်တွေကို တာဝန်ရှိသူတွေနဲ့ ပြည်သူတွေကို အသိပေးပြောချင်တဲ့ စကားလုံးတွေ သံချပ်မှာ ထည့်သွင်းရေးချထားတာဖြစ်တယ်လို့ ဗိုလ်မိုက်ခဲက ဆိုပါတယ်။ 

တိုင်းရင်းသားတွေရဲ့အောင်မြင်မှုတွေ၊ တိုင်းရင်းသားတွေရဲ့တိုက်ခိုက်မှုတွေဟာ NUG အစိုးရရဲ့ အောင်မြင်မှု မဟုတ်သေးဘဲ အခက်အခဲတွေကြုံနေရပြီး မီးရှို့ခံနေရတဲ့အညာ‌ဒေသက တပ်ဖွဲ့တွေရဲ့ အောင်ပွဲတွေရမှသာ NUG ရဲ့ စစ်မှန်တဲ့ အောင်မြင်မှုဖြစ်တယ်လို့ သူက ဆက်ပြောပြပါတယ်။  

သံချပ်မှာ ထည့်ထားတဲ့ စာသားတွေဟာ လက်ရှိမြေပြင်မှာဖြစ်ပေါ်နေတဲ့အရာတွေ၊ မြေပြင်က တော်လှန်ရေးသမားတွေရဲ့ ဖြစ်ပေါ်နေတဲ့ခံစားချက်တွေအားလုံးကို သံချပ်စာသားအဖြစ်ရေးဖွဲ့ခဲ့တာဖြစ်တယ်လို့ ပြောပါ တယ်။ 

စစ်အာဏာရှင်စနစ်တော်လှန်ရေးမှာ လူငယ်တွေအသက်ပေးထားရတာဟာ အာဏာရှင်စနစ်ကို တိုက်ထုတ်လိုခြင်းသာဖြစ်ပြီး ရာထူးတွေ၊ ဂုဏ်တွေ၊ မာန်မာနတွေ လိုချင်လို့၊ မောက်မာချင်လို့ မဟုတ်ဘူးလို့ သူက ဆက်ပြောပြပါတယ်။

စာတည်း -လင်းဇေ၊ တည်းဖြတ် - HP

#မြေလတ်အသံ

#အမျိုးသားညီညွတ်ရေးအစိုးရ #NUG #အညာဒေသ #လက်နက်ခဲယမ်း #မကွေးတိုင်း #ရေစကြို #MBT #ရဲဘော် #သံချပ် #ဗိုလ်မိုက်ခဲ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10