NUG က ယင်းမာပင်ခရိုင် တပ်ရင်း (၁၆)ကို ပထမဆုံးအကြိမ်အဖြစ် လက်နက် ၅ လက်တပ်ဆင်ပေး

NUG က ယင်းမာပင်ခရိုင် တပ်ရင်း (၁၆)ကို ပထမဆုံးအကြိမ်အဖြစ် လက်နက် ၅ လက်တပ်ဆင်ပေး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း-(၁၆) ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက လက်နက် ၅ လက် တပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။

မေလ ၃၀ ရက် မနေ့ကနေ့လယ် ၁၂ နာရီဝန်းကျင်မှာ KA 2 ၅ လက်ကို တပ်ဆင်ပေးခဲ့ပြီး လက်ရှိမှာတော့ လက်နက်အင်အားနဲ့ လူအင်အားမမျှလို့ ဝေမျှကိုင်တွယ်ကာ တိုက်ပွဲဝင်နေရတယ်လို့ တပ်ရင်းမှူး ဗိုလ်အောက်ဆွဲက ပြောပါတယ်။

"ဒီလက်နက် ၅ လက်နဲ့ မပြည့်စုံသေးပါဘူး၊ တပ်ရင်းတရင်းလုံး တပ်ဆင်ပေးမှပဲ။ ကျနော်တို့တတွေ ထိုးစစ်ကိုပြန်ဆင်နိုင်မှာပါ၊ တပ်ရင်းတရင်းလုံး တပ်ဆင်ပေးဖို့ ကျနော်တို့အစိုးရကိုတောင်းဆိုရမှာပဲ။ အစိုးရအနေနဲ့လည်း အခက်အခဲတွေရှိတာကြောင့် တပ်ရင်းတိုင်းလိုလိုအပြည့်အစုံ မတပ်ဆင်‌နိုင်သေးဘူး၊ ဒီ ၅ လက်နက်နဲ့ပဲ ရုန်းကန်ရမှာပေါ့" လို့ ဗိုလ်အောက်ဆွဲက ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ အခုလို လက်နက်တပ်ဆင်ပေးတာဟာ ယင်းမာပင်ခရိုင်တပ်ရင်း-(၁၆) အတွက် ပထမဆုံးလို့ သိရပါတယ်။

ယင်းမာပင်ခရိုင်တပ်ရင်း - ၁၆ မှာ ရဲဘော် အင်အားအများအပြားရှိသော်လည်း လက်နက်အင်အား နည်းပါးသေးကာ ယင်းမာပင်ခရိုင်အခြေစိုက်ပြီး စစ်ကောင်စီကို တော်လှန်နေတယ်လို့ သိရပါတယ်။

စာတည်း - 007

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ယင်းမာပင် #NUG #လက်နက် #KA2 #MOD

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10