သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မတ် ၂၁ ရက် ဒီနေ့ညမှာ ကျင်းပသွားတဲ့ ONE Friday Fights 101 မှာ မြန်မာဖိုက်တာတွေဖြစ်တဲ့ အဲမွီနဲ့ သွေးလင်းထက်တို့ပါဝင်ယှဉ်ပြိုင်ခဲ့ကာ အဲမွီကတော့ ပြိုင်ဘက် အဟာဗက်ဂေါ်ဒွန်ကို ဒိုင်အဆုံးအဖြတ်နဲ့ရှုံးနိမ့်ခဲ့ပြီး သွေးလင်းထက်ကတော့ ပြိုင်ဘက်ဖြစ်သူ ရော့ကီကို ဒိုင်အဆုံးအဖြတ်နဲ့ပဲ အနိုင်ရခဲ့ပါတယ်။
အဲမွီနဲ့ဂေါ်ဒွန်တို့ပွဲစဉ် ပထမအချီမှာ အဲမွီက အနိမ့်ကန်ချက်၊ ဘယ်ကန်ချက်တွေ ကောင်းကောင်းအသုံးချခဲ့ပြီး ဂေါ်ဒွန်ကတော့ ကန်ချက်ပိုသုံးကာ နှစ်ယောက်စလုံး ဆိုင်ထိုးခဲ့ကြပါတယ်။ ဂေါ်ဒွန်ကန်ချက်ကို ဆိုင်ပြီး အဲမွီဘယ်ထောက်တာတွေ ကောင်းမွန်တာတွေ့ရပြီး ဂေါ်ဒွန်ကတော့ အသာရတဲ့အချိန်မှာ ကြိုးဝိုင်းထောင့်ကပ်ပြီး စိတ်ကြိုက်ထိုးသွားပါသေးတယ်။ အဲမွီကလည်း အနိမ့်ကန်ချက် ညာဝိုက်တွေနဲ့ တုံ့ပြန်ပါတယ်။
ဒုတိယအချီမှာတော့ ဂေါ်ဒွန်ဟာ ပထမအချီလိုမကစားတော့ဘဲ ခြေကန်ချက်နဲ့ တံတောင်ရိုက်ချက်ကို ပိုပြီးအားပြုလာပါတယ်။ အဲမွီတိုးဝင်ထိုးသတ်ချိန် ဂေါ်ဒွန်ရဲ့တံတောင်ရိုက်ချက်ထိပြီး ကွဲသွားပါတယ်။ အဲမွီကပ်ရခက်ခဲ့ပြီး ဘယ်ဝိုက် ညာဖြောင့်တွေနဲ့လိုက်ခဲ့ပါတယ်။ အဲမွီရဲ့ဒဏ်ရာက သွေးကျတာများလာတာကြောင့် ပွဲခဏနားခဲ့ရသေးပြီး ဂေါ်ဒွန်ကတော့ အဲမွီအဝင်ကိုစောင့်ပြီးပဲ ကစားသွားပါတယ်။
တတိယအချီမှာတော့ အဲမွီအတင်းထိုးလိုက်လာပြီး ဘယ်ညာတွဲလုံးတွေသုံးခဲ့တာ ထိရောက်ခဲ့ပါတယ်။ ဂေါ်ဒွန်ကတော့ အဲမွီကိုသိပ်အကပ်မခံခဲ့ဘဲ အနားကပ်သွားရင် ဆိုင်ထိုး၊ ဆိုင်ကန် ရင်ဆိုင်ခဲ့ပြီး ပွဲဟာ ကြည့်ကောင်းခဲ့ပါတယ်။ နောက်ပိုင်းမှာ ဂေါ်ဒွန်ခွါကစားသွားပြီး ထောက်လက်သီးနဲ့ အမြင့်ကန်ချက်ကိုသာ သုံးသွားပါတယ်။ အဲမွီရဲ့ထိုးချက်တွေနဲ့ ထိုးလိုက်ခဲ့ပေမယ့် ပွဲအပြီးမှာတော့ ဒိုင် ၃ ဦးစလုံးရဲ့ အမှတ်ပေးဆုံးဖြတ်ချက်နဲ့ ဂေါ်ဒွန် အနိုင်ရသွားပါတယ်။
ပွဲစဉ် ၇ မှာ ထိုးသတ်ခဲ့တဲ့ သွေးလင်းထက်နဲ့ ရော့ကီတို့ပွဲမှာတော့ သွေးလင်းထက်ဟာ အသာစီးထိုးသတ်ခဲ့ပြီး အနိုင်ရခဲ့ပါတယ်။
ပထမအချီမှာ သွေးလင်းထက်အမြင့်ကန်ချက်နဲ့ စခဲ့ပြီး ရော့ကီကတော့ ဘယ်ညာလက်သီးတွဲလုံးတွေနဲ့ ပြန်ဝင်ခဲ့ပါတယ်။ ရော့ကီဟာ အနိမ့်ကန်ချက်နဲ့ ဘယ်ညာတွဲလုံးသုံးတာ ထိရောက်ခဲ့ပြီး သွေးလင်းထက်ကတော့ နင်းခြေကိုအသုံးပြုတာများခဲ့ပါတယ်။ ရော့ကီဟာ သွေးလင်းထက်ကိုအကပ်မခံဘဲ အနိမ့်ကန်ချက်တွေသုံးတာ ထိရောက်ပါတယ်။ သွေးလင်းထက်ရဲ့ လက်သီးပါဝါကိုသိလို့ ယှဉ်မထိုးခဲ့ပါဘူး။ ဒါကြောင့် သွေးလင်းထက်ရဲ့လက်သီးချက်တချို့ လေပေါ်တင် ဝဲနေပါတယ်။
ဒုတိယအချီမှာလည်း ရော့ကီဟ အနိမ့်ကန်ချက်ကိုပဲသေချာသုံးပါတယ်။ သွေးလင်းထက် ပူးကပ်လာရင်လည်း ချုပ်ပစ်လိုက်ပြီး ဒူးတိုက်ဖို့ပဲကြိုးစားပါတယ်။ သွေးလင်းထက်ကတော့ တလုံးကောင်းထိအောင်ထိုးဖို့ ကြိုးစားလာပါတယ်။ ရော့ကီ ပူးချုပ်လိုက် အနိမ့်ကန်လိုက်လုပ်နေချိန်မှာပဲ သွေးလင်းထက်ရဲ့ လက်ပြန်ရိုက်ချက်ထိပြီး အမှတ်စဉ်ရေတွက်ခံလိုက်ရပါတယ်။ သွေးလင်းထက် ပင့်လက်သီးကောင်းခဲ့ပြီး ရော့ကီရဲ့ဘယ်ညာတွဲလုံးတွေနဲ့ ပြန်လိုက်ခဲ့ပါတယ်။ သွေးလင်းထက်ရဲ့ထိုးချက်တွေကို ရော့ကီသတိထားရှောင်သွားပြီး ဒုတိယအချီပြီးခါနီးမှာ ရော့ကီ လက်သီးတွဲလုံးနဲ့ လိုက်လာခဲ့ပါသေးတယ်။
တတိယအချီအစမှာတော့ တယောက်နဲ့တယောက် ချိန်ဆနေရင်း သွေးလင်းထက်ဟာ ဘယ်ဝိုက်နဲ့ လက်ပြန်ရိုက်ချက်ဟာ ရော့ကီရဲ့မျက်နှာတည့်တည့်ထိပြီး ဒုတိယအကြိမ် အမှတ်စဉ်ရေခံလိုက်ပြန်ပါတယ်။ ရော့ကီဟာ တတိယအချီရောက်ပြီမို့ ဖွင့်ထိုးလာခဲ့ပြီး သူအားသာတဲ့ ညာဖြောင့်လက်သီးကို ရအောင်ထိုးလာပါတယ်။ သွေးလင်းထက်ရဲ့ ညာဖြောင့်လက်သီးချက် ညာခြေကန်ချက်တွေကောင်းမွန်ခဲ့ပြီး နှစ်ယောက်စလုံး ယှဉ်ထိုးလာတာကြောင့် ပွဲဟာ ကြည့်ကောင်းခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ သွေးလင်းထက် သိပ်မလိုက်တော့ဘဲ ရော့ကီဝင်လာချိန်ကိုစောင့်ထိုးခဲ့ကာ လူချင်းပူးကပ်သွားချိန်မှာ အောင်ပွဲခံတဲ့အမူအယာလုပ်ပြခဲ့ပါသေးတယ်။ ရော့ကီလည်း အတင်းလိုက်ဖို့ကြိုးစားပေမယ့် တတိယအချီလည်း ပြီးဆုံးသွားပြီး ပွဲအပြီးမှာ ဒိုင် ၃ ဦးစလုံးရဲ့ဆုံးဖြတ်ချက်နဲ့ သွေးလင်းထက် အနိုင်ရခဲ့ပါတယ်။
ONE Friday Fights 101မှာ ယှဉ်ပြိုင်သွားတဲ့ မြန်မာဖိုက်တာ ၂ ယောက်စလုံး အကောင်းဆုံးစွမ်းဆောင်ရည်တွေ ချပြခဲ့ပြီး ပရိသတ်အကြိုက်ဖြစ်ခဲ့ပေမယ့် ဘောနပ်စ်ဆုတွေနဲ့ ဝေးခဲ့ရတာတော့ စိတ်ထဲခုစရာပါ။ ဘာပဲဖြစ်ဖြစ် ဒီနေ့ညပွဲကို မြန်မာပရိသတ်တွေ ကျေနပ်နေကြမယ်လို့ ထင်ပါတယ်။
#မြေလတ်အသံ
#အားကစား #ONEFridayFights #အဲမွီ #သွေးလင်းထက် #ဂေါ်ဒွန် #ရော့ကီ
Share Share Share