သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ခုနှစ်ပင်ကျေးရွာကို စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးချိန် ရွာအနီးရှိ PDF အဖွဲ့တွေနဲ့ ပစ်ခတ်မှုဖြစ်ပြီး PDF ရဲဘော်တွေ ကျဆုံးမှုရှိခဲ့တယ်လို့ ရေစကြိုအခြေစိုက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တခုဆီက သိရပါတယ်။
စစ်ကောင်စီအင်အား ၁၀၀ ကျော်လောက်က ဇွန် ၉ ရက်မနက်အစောပိုင်းမှာ စစ်ကြောင်းထိုးလာချိန် ကင်းစောင့်နေတဲ့ PDF အဖွဲ့တွေနဲ့ ပစ်ခတ်မှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။
"သိရသလောက်က စကစအဖွဲ့စစ်ကြောင်းထိုးလာတဲ့အချိန် ကင်းအဖွဲ့နဲ့တိုက်ပွဲဖြစ်ပြီး PDF တွေဘက် ကျတာရှိတယ်။ စကစဘက်ကတော့ အင်အားတော်တော်များများနဲ့ ဝိုင်းတာ။ ကင်းအဖွဲ့ဘက်က ဦးသွားလို့ ကျန်တဲ့ရဲဘော်တွေ ဆုတ်သွားနိုင်တယ်"လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
ဒီပစ်ခတ်မှုအတွင်း PDF တွေဘက်က ၄ ဦးကျဆုံးကာ လက်နက်အချို့လည်း ဆုံးရှုံးသွားပြီး ခုနှစ်ပင်ကျေးရွာက ဒေသခံနှစ်ရာကျော်လည်း ဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီအဖွဲ့ကတော့ လက်ရှိအချိန်ထိ ခုနှစ်ပင်ကျေးရွာဝန်းကျင်တဝိုက်မှာရှိနေပြီး အခြား ကျေးရွာတွေဘက်ကို စစ်ကြောင်းထပ်ထိုးမယ့်အခြေအနေရှိတယ်လို့လည်း ဒေသခံကာကွယ်ရေးအဖွဲ့ ဝင်တဦးက ပြောပါတယ်။
စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်တွေမှာတော့ ခုနှစ်ပင်ကျေးရွာကိုဝင်စီးချိန် PDF အလောင်း ၄ လောင်းနဲ့ သေနတ် ၄ လက်ရရှိခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။
မေ ၁၇ ရက်ကလည်း ရေစကြိုမြို့နယ်၊ ကျောက်ထပ်၊ ဇီးတော၊ သဲတောရွာတွေဘက်မှာ PDF စခန်းတွေကို စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့ရာ စခန်းတစ်ခုသိမ်းခံရပြီး အပြန်အလှန်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၂၀ ကျော် သေဆုံးခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
ဓါတ်ပုံ - စစ်ကောင်စီတယ်လီဂရမ်။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #ရေစကြီု #PDF #တိုက်ခိုက် #ကျဆုံး
Share Share Share