PDFကို ထောက်ပံ့ဖို့ စပါးစိုက်ပြီးဝင်ငွေရှာနေတဲ့ ကောက်စိုက်အဖွဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲက ရွာတရွာမှာ PDF တွေကိုထောက်ပံ့နိုင်ဖို့ ရည်ရွယ်ပြီး ကောက်စိုက်အဖွဲ့လေးဖွဲ့ကာ ကောက်စိုက်အငှားလိုက်ပြီး ရဲဘော်တွေကို ထောက်ပံ့နေကြပါတယ်။

အခုနှစ်အတွက် ပထမဆုံးအဖြစ် မိုးစပါးအငှားစိုက်ပြီး ယင်းမာပင်ခရိုင် တပ်ရင်း ၁ အတွက် ရည်ရွယ်ကာ ကောက်စိုက်နေကြတာဟာ ၁၀ ဧက နဲ့ ၁၅ ဧက ကြားအထိ စိုက်ပျိုးခဲ့ပြီးဖြစ်ပါတယ်။

သူတို့ဒေသမှာ တခြားတိုင်းနဲ့ ပြည်နယ်တွေလို အင်တာနက်လိုင်းကောင်းကောင်းမရတော့ အများနည်းတူ Click ပြီးဝင်ငွေရှာပေးတဲ့ လမ်းကြောင်းတွေကို မလုပ်နိုင်တာကြောင့် သူတို့ကျွမ်းကျင်ရာဖြစ်တဲ့ ကောက်စိုက်တဲ့အလုပ် တောင်သူအလုပ် နဲ့ ကာယအားနဲ့ တော်လှန်ရေးမှာ ပါဝင်နေကြတာပါ။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#စစ်ကိုင် #ယင်းမာပင် #ကောက်စိုက် #သတင်း #ထောက်ပံ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10