PDF စခန်းကို တိုက်ခိုက်ဖို့လာတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရလို့ ၁ ဦးသေ

PDF စခန်းကို တိုက်ခိုက်ဖို့လာတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရလို့ ၁ ဦးသေ

ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ကိုင်းချိုကြီးရွာအနီးက PDF စခန်းကုန်းကို တိုက်ခိုက်သိမ်းယူဖို့လာတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁ ဦးသေသွားတယ်လို့  မြေအောက်ပြောက်ကျားတပ်ဖွဲ့ အုတ်ဖိုက ထုတ်ပြန်ထားပါတယ်။

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့ အုတ်ဖိုရဲ့ "ကျားကြီး"စစ်ကြောင်း တပ်စွဲထားတဲ့ တာဝါတိုင်စခန်းကုန်းကို စက်တင်ဘာ ၁၄ ရက် နေ့လယ် ၁၂ နာရီခန့်မှာ စစ်ကောင်စီမှ အင်အား ၃၀ ခန့်နဲ့ တိုက်ခိုက်သိမ်းပိုက်ဖို့လာရာမှာ သတင်းအရ လမ်းကနေ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

"သူတို့အလာကို သတင်းကြိုရလို့ ပဒေသာမိုင်း ၈ လုံးတွဲနဲ့ ဆွဲခဲ့တယ်။ ပြီးတော့ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တာရှိတယ်။ စကစဘက်က ထိခိုက်မှုတော့ များနိုင်တယ်။" လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ အုတ်ဖို တာဝန်ရှိသူက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရလို့  စစ်ကောင်စီတပ်သားတွေဟာ ၄၀ မမ၊  ၆၀ မမ လက်နက်တွေနဲ့ တာဝါတိုင်ကုန်းပေါ်ကို ပစ်ခတ်ခဲ့ရာ အပြန်အလှန် ပစ်ခတ်ကြမှု မိနစ် ၂၀ ခန့်ဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁ ဦးသေပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိသွားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန် မိုးသည်းထန်စွာ ရွာသွန်းလာလို့ စစ်ကောင်စီတပ်သားတွေဟာ ဝိုင်းရွာရဲကင်းစခန်းကို ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။

မတ် ၂၄ ရက်က အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်အနီးရှိ ဝိုင်းကျေးရွာအုပ်စု တာဝါတိုင်ရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကြားဖြတ်တိုက်ခိုက်ခံရလို့ ၆ ဦးသေဆုံးတယ်လို့ သိရပါတယ်။

ပုံစာ - မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို တပ်ဖွဲ့ဝင်များ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #အုတ်ဖို #ကိုင်းချိုကြီးရွာ #PDF #တာဝါတိုင်စခန်းကုန်း #ကိုင်းချိုကြီးရွာ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10