PDF စခန်း မီးရှို့တဲ့စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

PDF စခန်း မီးရှို့တဲ့စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းက Pakokku-Special Task Force အဖွဲ့ အထိုင်ချရာစခန်းကို ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းအား ဇူလိုင် ၁၁ ရက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Pakokku-Special Task Force အဖွဲ့ဆီက သိရပါတယ်။

ဇူလိုင် ၉ ရက်က အင်ပင်ရွာမှ ထွက်လာတဲ့ စစ်တပ်၊ ရဲ နဲ့ ပျူစောထီးအပါ အင်အား ၁၂၀ ကျော် စစ်ကြောင်းဟာ ဇူလိုင် ၁၁ ရက် မနက် ၉ နာရီလောက်မှာ Pakokku-Special Task Force စခန်းကိုရောက်လာချိန် ဒရုန်းနဲ့ အီနာဂါဗုံးအလုံး ၂၀ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

“အင်ပင်ရွာ စစ်*ဂိတ်ကနေ ထွက်လာတဲ့စစ်ကြောင်းက ကျနော်တို့စခန်းကို ရောက်တယ်။ ကျနော်တို့က ဒရုန်းကို အသုံးပြုပြီးတော့ အီနာဂါအလုံး ၂၀ ချလိုက်တယ်။ *တွေ ဗုံးထိပြီး ပြန်အထွက်မှာ ကျနော်တို့စခန်းကို နေ့လယ် ၁၁ နာရီလောက်မှာ မီးရှို့သွားတာ” လို့ Pakokku-Special Task Force တာဝန်ခံက ပြောပါတယ်။

စစ်တပ်က မီးရှို့သွားတာကြောင့် စခန်းပင်မအဆောင် ၁ ဆောင်၊ ဝါးအလုံး ၂၀၀၊ ဝရိန်ပုံး ၁ လုံး၊ လက်ဆွဲမီးစက် ၁ လုံး၊ ဘက်ထရီအိုး ၂ လုံး၊ စုစုပေါင်း ငွေကျပ် သိန်း ၄၀ ဖိုးလောက်ဆုံးရှုံးရတယ်လို့ Pakokku-Special Task Force တာဝန်ခံက ပြောပါတယ်။

စစ်ကြောင်းပြန်သွားတဲ့အခါမှာ သူတို့ရဲ့ ဒဏ်ရာရရဲဘော်တွေကို တွဲခေါ်သွားတာ မြင်တွေ့လိုက်ရပေမယ့် သေဆုံးမှုစာရင်းကိုတော့ မသိရဘူးလို့ ဆိုပါတယ်။ 

စခန်းကိုဝင်ရောက် စီးနင်းမီးရှို့ခံလိုက်ရပေမယ့် PDF ရဲဘော်တွေအနေနဲ့ တဦးတယောက်မှ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြဘူးလို့ သူက ပြောပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူ #Pakokku_Special_Task_Force #အီနာဂါဗုံး #ဒရုန်း #ပျူစောထီး

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10