သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ယင်းမာပင်ခရိုင်တပ်ရင်း ၁၅ က စစ်ဆေးရေးဂိတ်လာဖွင့်ပြီးနောက်ပိုင်းမှာ ပျက်စီးသွားတဲ့ ကျေးရွာဆိုင်းဘုတ်ကို မူလအတိုင်းပြန်လည်ပြုလုပ်ပေးဖို့ ဒေသခံတွေက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဆားလင်းကြီးမြို့နယ်၊ ဘုတ်စုကျေးရွာဒေသခံတွေက ရွာဆိုင်းဘုတ်ကို မူလအတိုင်း မူလနေရာမှာပဲ ပြန်လုပ်ပေးဖို့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၅ ကို ဒီဇင်ဘာ ၂၁ရက်မှာ လှည့်လှည်ဆန္ဒပြခဲ့ကြတာပါ။
ဘုတ်စုကျေးရွာဆိုင်းဘုတ်ဟာ ရွာနဲ့ ၂မိုင်အကွာ ကတ္တရာလမ်းဘေး ရွာအဝင်မှာပြုလုပ်ထားတာဖြစ်ပြီး အဲ့ဒီဆိုင်းဘုတ်ရှေ့တည့်တည့် ကတ္တရာလမ်းတဖက်မှာ စစ်ဆေးရေးဂိတ်လာဖွင့်ချိန် လွန်ခဲ့တဲ့ ၁ နှစ်နီးပါးကတည်းက နေရာရွှေ့ပြီးဂိတ်ဖွင့်ဖို့ ဒေသခံတွေက တောင်းဆိုခဲ့ကြဖူးပါတယ်။
ဒီလိုတောင်းဆိုညှိနှိုင်းတာကို တပ်ခွဲမှူး ပုတီး ဆိုသူကလက်မခံတဲ့အတွက် မြို့နယ်အစည်းအဝေးမှာ ကျေးရွာပကဖ တာဝန်ရှိသူတဦးက တင်ပြခဲ့ဖူးတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
အဲ့ဒီလို တောင်းဆိုခဲ့တာကို အငြိုးထားပြီး အောက်တိုဘာ ၇ရက်မှာ ဘုတ်စုကျေးရွာဆိုင်းဘုတ်ကို ဘူဒိုဇာနဲ့တိုက်ပြီး ဖျက်ဆီးခဲ့တာလို့ ဒေသခံတွေက စွပ်စွဲထားပါတယ်။
ဆိုင်းဘုတ်ဖျက်ဆီးတယ်လို့ စွပ်စွဲခံရတာနဲ့ပတ်သက်ပြီး ယင်းမာပင်ခရိုင်တပ်ရင်း ၁၅ တပ်ရင်းမှူးကတော့ သူရဲ့ တပ်ခွဲမှူး ပုတီး က ဆိုင်းဘုတ်ကိုရွှေ့ပြောင်းဖို့ မတဲ့အချိန်မှာ ပျက်စီးသွားတာဖြစ်တယ်လို့ ငြင်းဆိုထားပါတယ်။
အခုပြဿနာဟာ ကျေးရွာနေပြည်သူတွေ ဆန္ဒပြတောင်းဆိုရလောက်တဲ့အထိကြီးမားတဲ့ ပြဿနာမဟုတ်ကြောင်းနဲ့ ကျေးရွာ ပကဖ၊ ပအဖ တာဝန်ခံတွေနဲ့ ပြေပြေလည်လည် ညှိနှိုင်းပြီး အဖြေရှာရမယ့် ကိစ္စဖြစ်တယ်လို့ တပ်ရင်း ၁၅ တပ်ရင်းမှူးက ပြောပါတယ်။
ပျက်စီးသွားတဲ့ ကျေးရွာဆိုင်းဘုတ်ကို အရင်မူလနေရာနဲ့ ၁ မိုင်နီးပါးအကွာမှာ အသစ်ပြန်တည်ဆောက်ပေးဖို့ တပ်ရင်း ၁၅ ဘက်ကနေ မြို့နယ်ပအဖ တာဝန်ခံကနေ တဆင့်ညှိနှိုင်းခဲ့ပေမယ့် ဒေသခံတွေကတော့ မူလနေရာမှာ ပြန်လည်ပြုလုပ်ပေးဖို့သာ ဆန္ဒရှိနေကြတာပါ။
တည်းဖြတ် - ဈာန်မြင့်
#မြေလတ်အသံ
#ယင်းမာပင် #ဘုတ်စု #PDFစစ်ဆေးရေးဂိတ် #ရွာဆိုင်းဘုတ် #ဆန္ဒပြ
Share Share Share