PDF ဆီ အလင်းဝင်လာတဲ့ ခလရ ၂၅၆ ကတပ်သားကို ကျပ်သိန်း ၅၀ ချီးမြှင့်

PDF ဆီ အလင်းဝင်လာတဲ့ ခလရ ၂၅၆ ကတပ်သားကို ကျပ်သိန်း ၅၀ ချီးမြှင့်

မကွေးတိုင်း၊ ရေစကြိုနယ်အခြေစိုက် ခလရ ၂၅၆ တပ်က  တပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့အတူ Pakokku People Defense Force-PPDF အဖွဲ့ဆီ အလင်းဝင်လာတယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။ 

အလင်းဝင်လာသူဟာ အသက် ၂၂ နှစ်အရွယ် တပ်သားသီဟ ဖြစ်ပြီး မတ် ၁၇ ရက်မှာ MA 1 ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကျည် ၁၀၀ တောင့်ကျော်ယူပြီး အလင်းဝင်လာတာကြောင့် ကျပ်သိန်း ၅၀ ဆုချခဲ့တယ်လို့ ဆိုပါတယ်။ 

“ကျနော်တို့ ရန်သူ့နယ်မြေအထိ သွားခေါ်ခဲ့ရတာ၊ အင်အားအလုံးအရင်းနဲ့ သွားခေါ်ခဲ့ရတာ” လို့ Pakokku People Defense Force-PPDF တာဝန်ခံက ပြောပါတယ်။ 

လက်ရှိမှာ သူ့ကိုအနားယူခိုင်းပြီး မိသားစုရှိတဲ့နေရာကို ပို့ပေးဖို့ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ 

စစ်အာဏာသိမ်းချိန်ကနေ လက်ရှိအချိန်ထိ Pakokku People Defense Force-PPDF အဖွဲ့ဆီကို အလင်းဝင်လာတဲ့ တပ်သား ၄ ဦးရှိပြီး လက်နက်နဲ့အလင်းဝင်လာသူထဲမှာတော့ တပ်သားသီဟ ပထမဦးဆုံးဖြစ်တယ်လို့  PPDF တာဝန်ခံက ပြောပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ရေစကြို #အလင်းဝင် #ခလရ၂၅၆ #ဆုချီးမြှင့် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10