သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ ကူးတောအုပ်စု၊ ကူးတောကျေးရွာက စစ်ကောင်စီခန့် အုပ်စုအုပ်ချုပ်ရေးမှူးကို နေအိမ်မှာ သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ 21 Bagan People Defense Force အဖွဲ့ဆီက သိရပါတယ်။
သေဆုံးသူမှာ ညောင်ဦးမြို့နယ်၊ ကူးတောအုပ်စု၊ ကူးတောကျေးရွာနေ အသက် ၃၉ နှစ်အရွယ် အုပ်စုအုပ်ချုပ်ရေးမှူး ကိုဇော်လွင်ဦး (ခ) ကိုဇော်လင်းဦးဖြစ်ပြီး နိုဝင်ဘာ ၁၁ ရက် ည ၇ နာရီ ၄၅ မိနစ်က ကူးတောကျေးရွာရှိသူ့နေအိမ်မှာ သေနတ်နဲ့ ၃ ချက်ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။
“သူ့နေအိမ်မှာပဲ ရှင်းနိုင်ခဲ့တာပါ။ သူအိမ်ထဲဝင်သွားတဲ့အချိန် ထွက်ပြေးမယ်လုပ်လို့ ကျနော်တို့က သေနတ်ပစ်တာပါ၊ ၃ ချက်ပစ်တာပါ။ ဘယ်ဘက်ရင်အုံမှာ ၂ ချက်မှန်တယ်။ ပြီးတော့ ငယ်ထိပ်ကို ၁ ချက်မှန်တယ်။” လို့ 21 Bagan People Defense Force ရဲဘော် ယက္ခက ပြောပါတယ်။
ကိုဇော်လွင်ဦးဟာ စစ်မှုထမ်းကိစ္စနဲ့ သန်းခေါင်းစာရင်းကောက်ယူတဲ့လုပ်ငန်းတွေမှာပါဝင်ပြီး စစ်ကောင်စီခိုင်းသမျှလုပ်တဲ့အပြင် PDF ထဲကိုသွားတဲ့ မိသားစုတွေကို သတင်းပေးတာ၊ PDF ကို သတင်းပေးရင် သတ်မယ်လို့ခြိမ်းခြောက်စိန်ခေါ်တာတွေ လုပ်တဲ့အတွက် ခုလို ရှင်းလင်းခဲ့ရတာလို့ ဆိုပါတယ်။
“(စစ်ကောင်စီဘက်က) ချက်ချင်းတော့ သူတို့သတင်းမရဘူး၊ အလောင်းကိုလည်း လာမကောက်ဘူး။ သူ့သမီးကလည်း ညောင်ဦးရဲစခန်းထဲမှာ ရဲမေပါ။ သူ့သမီးရဲ့ ကားပေါ်ကို မိုင်းဆင်ထားခဲ့တာ၊ အဲ့ဒီမိုင်းကွဲမှ စစ်ကောင်စီဘက်က နယ်မြေရှင်းလင်းရေး လာလုပ်တယ်။” လို့ ရဲဘော် ယက္ခက ပြောပါတယ်။
အိမ်ခြေ ၇၀၀ ကျော်ရှိတဲ့ ကူးတောကျေးရွာဟာ ညောင်ဦးရဲစခန်းနဲ့ ၁၄ မိုင်အကွာမှာ တည်ရှိပါတယ်။
ဒီပစ်ခတ်မှုကို 21 Bagan People Defense Force နဲ့ ပုဂံဘီးလူးတပ် တို့ပေါင်းကာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်ကလည်း ညောင်ဦးမြို့နယ်၊ မြို့လှကျေးရွာက PDF တွေကိုသတင်းပေးရင် ရွာကို မီးရှို့မယ်လို့ ခြိမ်းခြောက်ထားတဲ့ စစ်တပ်သတင်းပေး ၃ ဦးကို အရက်ဆိုင်မှာ အရက်သောက် နေချိန် 21 Bagan People Defense Force အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ရာ ၂ ဦးသေဆုံးခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မန္တလေး #ညောင်ဦး #အုပ်ချုပ်ရေးမှူး #ပစ်ခတ်ခံရ
Share Share Share