PDF တွေထောင်ထားတဲ့မိုင်း နင်းမိပြီး ပျူစောထီးခေါင်းဆောင် ၁ ဦးသေဆုံး

PDF တွေထောင်ထားတဲ့မိုင်း နင်းမိပြီး ပျူစောထီးခေါင်းဆောင် ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းရွာနေ ပျူစောထီးခေါင်းဆောင်လို့လူသိများသူတဦး ဖေဖော်ဝါရီလ ၁၃ ရက်မနေ့ကမနက် ၇ နာရီလောက်မှာ PDF တွေထောင်ထားတဲ့မိုင်းကိုနင်းမိရာကနေ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
ပျူခေါင်းဆောင်ဆိုသူ အသက် ၅၀ နှစ်အရွယ် ကိုမျိုးလှိုင်ဟာ သူ့ရွာကနေ စစ်ကောင်စီတပ်စွဲထားတဲ့ ဇီးဖြူကုန်းရွာကိုသွားတဲ့ လမ်းပိုင်းတခုမှာ မိုင်းနင်းမိပြီးသေဆုံးခဲ့တာလို့ ဗိုလ်ကျားရိုင်း - ရွှေဘို( LPDF ) အဖွဲ့ဆီက သိရပါတယ်။
 
“သူ့ဇာတိကတော့ ကြောင်ရှားတောသားပေါ့၊ သူက ညောင်ကိုင်းပျူရွာမှာနေတာ၊ အိမ်ထောင်ကျတာက ညောင်ကိုင်းပျူရွာမှာ အိမ်ထောင်ကျတာ၊ ကြောင်ရှာတော ပျူခေါင်းဆောင်ပေါ့၊ မနက် ၇ နာရီ ၄၅ မိနစ်မှာ သူညောင်ကိုင်းကနေ ဇီးဖြူကုန်းကိုအသွား ဂျိုးမြေဇင်းမှာ ကျနော်တို့မဟာမိတ်တွေ ထောင်ထားတဲ့ နင်းမိုင်းမိပြီးသေသွားတာ” လို့ ပြောပါတယ်။
 
ဒီတိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း - ရွှေဘို( LPDF ) အဖွဲ့၊ ဗိုလ်ဂျပန်းကြီး( TTT)- SHWEBO LPDF အဖွဲ့၊ တောင်သူကြီး-ရွှေဘို(LPDF)အဖွဲ့၊ မတစ်ထောင်(တစ်ကောင်ဘွား)-ဒီပဲယင်းအဖွဲ့နဲ့ တိုက်နယ်-၂ မဟာမိတ်အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။
 
ကိုမျိုးလှိုင်ရဲ့အလောင်းကိုတော့ ညောင်ကိုင်းရွာက ပျူစောထီးတွေကပဲ လာသယ်သွားကြတယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၆ ရက်မနက်ပိုင်းမှာလည်း ရွှေဘိုမြို့နယ်၊ တည်တီးတောကျေးရွာကနေ အင်အား ၄၀ ဝန်းကျင်နဲ့ထွက်လာတဲ့ စစ်သားနဲ့ ပျူစောထီးတွေကို ဗိုလ်ကျားရိုင်း - ရွှေဘို( LPDF ) အဖွဲ့က ဇီးဖြူကုန်းရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၇ ဦးသေဆုံးသေးတယ်လို့ သိရပါတယ်။
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10