PDF တွေရဲ့အသည်းကို အရက်နဲ့မြည်းမယ်ဆိုတဲ့ မင်းလှက အုပ်ချုပ်ရေးမှူးနဲ့ရာအိမ်မှူး ပစ်ခံရလို့ သေဆုံး

PDF တွေရဲ့အသည်းကို အရက်နဲ့မြည်းမယ်ဆိုတဲ့ မင်းလှက အုပ်ချုပ်ရေးမှူးနဲ့ရာအိမ်မှူး ပစ်ခံရလို့ သေဆုံး

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေရဲ့ အသည်းကို အရက်နဲ့မြည်းမယ်လို့ ကြွေးကြော်ထားတဲ့ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ငလှစမ်းကျေးရွာက အုပ်ချုပ်ရေးမှူးဦးလှမြင့်အပါအဝင် ဇရစ်မြောင်ကျေးရွာက ရာအိမ်မှူး ဦးမြင့်ဌေးဟာ ဇွန်လ ၃၀ ရက် မနက် ၁၁ နာရီခန့်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့လို့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ 

 

ငလှစမ်းကျေးရွာ အုပ်ချူပ်ရေးမှူး အသက် ၅၀ အရွယ်ရှိ ဦးလှမြင့်နဲ့ ဇရစ်မြောင်ကျေးရွာက ရာအိမ်မှူးဦးမြင်ဌေးတို့ဟာ မင်းလှမြို့မှ လစာထုတ်ပြီး ဆိုင်ကယ်တစီးနဲ့ အတူပြန်လာစဉ် ရန်ကုန်-ပြည်လမ်းပေါ်မှာ PDF တွေက ကျည် ၆ ချက်နဲ့ ပစ်သတ်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ သာယာဝတီခရိုင် ၃၈၀၂ တပ်ခွဲ ၃ ထံက သိရပါ တယ်။

 

 

အုပ်ချုပ်ရေးမှူး ဦးလှမြင့်ဟာ အရင်ကရှင်းလင်းပစ်သတ်ခံလိုက်ရတဲ့ ငစမ်းလှကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းနေရာမှာ အစားဝင်လာသူဖြစ်ပါတယ်။ သူအုပ်ချုပ်အုပ်ရေးမှူးဖြစ်လာပြီးနောက်မှာ PDF တွေရဲ့ အသည်းကို အရက်နဲ့မြည်းပြမယ်လို့ ကျေးရွာအတွင်း ကြွေးကြော်ထားတဲ့သူလည်းဖြစ်ပါတယ်။

 

"ဒီနေ့က သူတို့ လစာထုတ်ရက်ဆိုတော့ လစာထုတ်ပြီး ပြန်လာတာကို စောင့်ပြီး ပစ်ခတ်ခဲ့တာ။ အုပ်ကြီးမှာ စကစ ပေးထားတဲ့ လက်လုပ်သေနတ်တလက်ပါပေမယ့် အချိန်မရလို့ မယူလာရဘူး။ ဖုန်းနဲ့ပိုက်ဆံတွေတော့ သိမ်းလာနိုင်တယ်" လို့ သာယာဝတီခရိုင် အမှတ် ၃၈၀၂ တပ်ရင်း၊ တပ်ခွဲ ၃ တာဝန်ရှိသူက ပြောပါတယ်။

 

သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခံရလို့ အုပ်ချုပ်ရေးမှူး ဦးလှမြင့်နဲ့ ရာအိမ်မှူး ဦးမြင့်ဌေးတို့ဟာ နေရာမှာပဲ သေဆုံးသွားပြီး ဖုန်းတလုံးနဲ့ ငွေ ၃၈၀,၀၀၀ ကျပ်ကို သိမ်းဆည်းခဲ့တယ်လို့ဆိုပါတယ်။

 

အုပ်ချုပ်ရေးမှူး ဦးလှမြင့်ဟာ ကျေးရွာကြံ့ခိုင်ရေးပါတီ အလုပ်အမှုဆောင်တဦးဖြစ်သလို ပျူစောထီးတဦးလည်းဖြစ်ပြီး NLD ပါတီဝင်တွေနဲ့ PDF တွေရဲ့ သတင်းကို စစ်ကောင်စီဘက်ကို သတင်းပေးနေသူလည်း ဖြစ်ပါတယ်။

 

 

ဇရစ်မြောင်ကျေးရွာ ရာအိမ်မှူး ဦးမြင့်ဌေးဟာလည်း ကြံ့ခိုင်ရေးပါတီဝင်၊ ပျူစောထီး၊ စစ်ကောင်စီသတင်းပေးတဦးဖြစ်တယ်လို့ သိရပါတယ်။

 

ဇန်နဝါရီလ ၂၉ ရက် ညကလည်း  သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ငလှစမ်းကျေးရွာ ဖဲဝိုင်းမှာရှိနေတဲ့ ခွက်မကျေးရွာအုပ်စု စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းဟာ ပစ်သတ်ခံရလို့ သေဆုံးခဲ့ပါသေးတယ်။ 

 

စာတည်း - လင်းဇေ

 

#မြေလတ်အသံ

#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  #ပဲခူးတိုင်း #မင်းလှမြို့နယ် #ငလှစမ်းကျေးရွာ #အုပ်ချုပ်ရေးမှူးဦးလှမြင့် #ဇရစ်မြောင်ကျေးရွာ #ပစ်ခတ်ခံရ #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10