PDF တွေအတွက် လက်နက်ထုတ်နေတဲ့ အမရစစ်သည်တော်အဖွဲ့ ငွေကြေးအခက်ကြုံနေ (ရုပ်/သံ)

မန္တလေးတိုင်းအခြေစိုက် အမရစစ်သည်တော်အဖွဲ့ဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအတွက် လက်နက်တွေ ကိုယ်တိုင်ထုတ်လုပ်နေခဲ့တာ တစ်နှစ်ကျော်နေပြီလို့ သိရပါတယ်။

သူတို့ ထုတ်လုပ်နိုင်ခဲ့တဲ့ ၈၀ မမ၊ ၆၀ မမ၊ ၄၀ မမ၊ ၁ ထောင့်ထိုး၊ ပစ္စတို စတဲ့ လက်နက် စုစုပေါင်း ၄၈ လက်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီ ထောက်ပံ့ပေးခဲ့ပြီးဖြစ်တယ်လို့ အမရစစ်သည်တော်အဖွဲ့ရဲ့ တာဝန်ခံ ဗိုလ်မိုးလွင်ကပြောပါတယ်။

လက်ရှိမှာလည်း မြို့ပြ UG တွေအတွက် အဓိကထားပြီး အသေးစားအရွယ် ၉ မမ ပစ္စတို စမ်းသပ်ထုတ်လုပ်မှု အောင်မြင်ပြီးဖြစ်ရာ ဆက်လက်ထုတ်လုပ်နိုင်ဖို့ ငွေကြေးအခက်အခဲနဲ့ ကြုံနေရတယ်လို့ ဆိုပါတယ်။ ဒီလိုအသေးစား ၉ မမ ပစ္စတို၊  ၁၅ လက် ထုတ်လုပ်ဖို့ သူတို့က လျာထားတာပါ။

အမရစစ်သည်တော်အဖွဲ့ဟာ သူတို့ ဆက်လက်ထုတ်လုပ်နိုင်တဲ့ လက်နက်တွေကို မန္တလေးတိုင်းအပြင် မကွေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းစတဲ့ ဒေသတွေက လက်နက်ဝယ်ယူဖို့ ခက်ခဲနေတဲ့ ဘယ်ကာကွယ်ရေးအဖွဲ့မဆို သူတို့ကို ဆက်သွယ်လာပါက စိစစ်ပေးအပ်သွားမယ်လို့လည်း ဆိုပါတယ်။

 

တည်းဖြတ် - ဟယ်ရီ

#မြေလတ်အသံ

#မန္တလေး #အမရစစ်သည်တော် #လက်နက်ထုတ်လုပ်မှု #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10