PDF တွေတိုက်ခိုက်တာခံရလို့   စစ်​သား ၁၂ ဦးသေပြီး အလောင်းမသယ်နိုင်ဘဲ စခန်းချနေရ

PDF တွေတိုက်ခိုက်တာခံရလို့ စစ်​သား ၁၂ ဦးသေပြီး အလောင်းမသယ်နိုင်ဘဲ စခန်းချနေရ

စစ်ကိုင်းတိုင်းဒီပဲယင်းမြို့မှာ ခြေလျင်လျောက်လာတဲ့ မြို့ခံစစ်​တပ်ကို ဒေသခံ PDFတွေက ဇူလိူင် ၇ရက်ညနေက ခြုံခိုတိုက်ခိုက်လို့ စစ်ကောင်စီ ၁၂ ဦးသေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ DRPAအဖွဲ့ကသတင်းထုတ်ပြန် ထားပါတယ်။

မနေ့ညနေ ၆ နာရီခွဲလောက်မှာ အင်အား ၄၀ ပါစစ်ကြောင်းကို ဒီပဲယင်းမြို့နယ်နဲ့ ၂ မိုင်လောက်အကွာ မဲသည်ရွာနဲ့ ဝဘာရွာကြားမှာ လက်လုပ်စိန်ပြောင်းတွေ လက်နက်ငယ်တွေ လက်လုပ်တလုံးထိုးတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"မနေ့က အဲ့နေရာမှာတင် အင်အား ၄၀ မှာ တိုက်ပွဲကြားမှာတင် သေချာပေါက်လဲကျပြီးတေ့ာ သေသွားတာ ၁၂ ယောက် ၊ ၇ယောက်လောက်ကတေ့ာ တော်တော်ဒဏ်ရာ ရသွားတယ် တဝက်လောက်တေ့ာ အင်အားထိခိုက်သွားတယ်၊ မနေ့ညကထိကို အလောင်းတွေကို လာမသယ်နိုင်ဘူး အဲ့နေရာမှာတင် စခန်းချနေတယ်ပေါ့ဗျာအခုလက်ရှိလဲ အဲ့နေရာမှာပဲ ဖြေးဖြေးခြင်း ရွေ့နေတယ်  ၆လောင်းလောက်ကို ကျတော်တို့လှမ်းမြင်နေရသေးတယ်" လို့ DRPAရဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို DPRA တပ်ဖွဲ့၊ ဗိုလ်မုတ်ဆိတ်အဖွဲ့၊ FRF တပ်ဖွဲ့ ၊ ရွှေဘိုခရိုင်တပ်ရင်း ၁၂ နဲ့ Galaxy Force နဲ့ ဒီပဲယင်းပကဖ တို့က ပူးပေါင်းခဲ့တာလို့ သိရပါတယ်။ 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10