PDF တွေ လမ်းကြောင်းလုံခြုံရေး စစ်ဆေးနေစဥ် နယ်ထိန်းရဲ ၁ ဦးကို ဖမ်းဆီးရမိ

PDF တွေ လမ်းကြောင်းလုံခြုံရေး စစ်ဆေးနေစဥ် နယ်ထိန်းရဲ ၁ ဦးကို ဖမ်းဆီးရမိ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ရွှေကျင် - ညောင်လေးပင် လမ်းပိုင်းတနေရာမှာ PDF တွေ လမ်းကြောင်းလုံခြုံရေး စစ်ဆေးနေစဥ် နယ်ထိန်းရဲ ၁ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ Royal Peacock Column အဖွဲ့ထံက သိရပါတယ်။

ဩဂုတ်လ ၁၀ ရက် နေ့လယ်ပိုင်းမှာ အမှတ်(၂)စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်းစစ်ဒေသရဲ့ ရိုးမဗျူဟာ စစ်ကြောင်းများဖြစ်တဲ့ Royal Peacock Column၊ Spring Warriors Column၊ ၃၇၀၂ တပ်ရင်းက ရဲဘော်တွေဟာ လမ်းကြောင်းမှာ ရှောင်တခင် စစ်ဆေးမှုတွေပြုလုပ်ချိန်မှာခရီးသည်ကားနဲ့ လိုက်လာတဲ့ မဒေါက်ရဲစခန်းက နယ်ထိန်း အောင်ကိုကိုနိုင် အသက် ၂၅ နှစ်ကျော်ခန့်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

"ဖရဲသီးတွေရဲ့ တိကျတဲ့သတင်းပေးမှုအရ သူလာမယ်ဆိုတာသိလို့ စောင့်ဖမ်းခဲ့တာဖြစ်တယ်။ သူကိုလက်ရှိထိန်းသိမ်းထားပါတယ်။"လို့ Royal Peacock Column အဖွဲ့ တာဝန်ရှိသူကပြောပါတယ်။

နယ်ထိန်းရဲ အောင်ကိုကိုနိုင်ဟာ ပြည်သူလူထုကို ခြိမ်းခြောက်ပြီး သတင်းပေးလုပ်ခိုင်းတာ၊ ငွေညှစ်တာ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ထောင်ချောက်ဆင်ဖမ်းဆီးတာ၊  သတ်ဖြတ်တာတွေ ပြုလုပ်ခဲ့သူဖြစ်တယ်လို့ Royal Peacock Column က ထုတ်ပြန်ထားပါတယ်။

နယ်ထိန်းရဲကို ဖမ်းဆီးရမိချိန်မှာ ပိုက်ဆံအနည်းငယ်ပါတဲ့ ပိုက်ဆံအိတ် ၁ လုံး၊ ဖုန်း ၁ လုံး၊ ယာဥ်မောင်းလိုင်စင်နဲ့ မှတ်ပုံတင်တို့ကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

ရွှေကျင်-ညောင်လေးပင်လမ်းပိုင်းမှာ စစ်ရေးအရ အရှိန်အဟုန်မြှင့်စစ်ဆေးဆောင်ရွက်လျက်ရှိနေတာကြောင့် လမ်းအသုံးပြုသူ ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်တာ၊ စစ်ကောင်စီတ​ပ်သား၊ ရဲတွေနဲ့ အတူတကွ ခရီးသွားလာခြင်းတွေ မလုပ်ကြဖို့ သတိပေးထားပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#​မြေလတ်အသံ

#သတင်း #ပဲခူးတိုင်း #ရွှေကျင် #ညောင်လေးပင် #PDF #ရဲ့တပ်ဖွဲ့ #စစ်ကောင်စီ #စစ်ရေး #လမ်းတံတား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10