PDF ၁ ဦးဖမ်းပေးရင် ၁၀ သိန်းပေးမယ်ဆိုတဲ့ ပျူစောထီးအုပ်ချုပ်ရေးမှူးဆိုသူ ရှင်းလင်းခံရ

PDF ၁ ဦးဖမ်းပေးရင် ၁၀ သိန်းပေးမယ်ဆိုတဲ့ ပျူစောထီးအုပ်ချုပ်ရေးမှူးဆိုသူ ရှင်းလင်းခံရ

PDF ၁ ဦးကို ဖမ်းဆီးပေးရင် ၁၀ သိန်းပေးမယ်လို့ စည်းရုံးနေတဲ့ နတ်မောက်မြို့၊ ဒန့်သလွန်ပင်ကျေးရွာက စစ်ကောင်စီခန့် ပျူစောထီးအုပ်ချုပ်ရေးမှူးဆိုသူကို People Defence Force - Natmauk အဖွဲ့က ရှင်းလင်းခဲ့တယ်လို့ ယင်းအဖွဲ့ထံက သိရပါတယ်။

ဩဂုတ်လ ၃ ရက် မနက်ပိုင်း ၉ နာရီ  ၂၅ မိနစ်ဝန်းကျင်မှာ နတ်မောက်မြို့၊ ဒန့်သလွန်ပင်ကျေးရွာအပြင်မှာ အသားတွေရောင်းနေတဲ့ ပျူစောထီးအုပ်ချုပ်ရေးမှူးကို သေနတ်နဲ့ ၃ ချက်ပစ်ပြီး ရှင်းလင်းခဲ့တာဖြစ်တယ်လို့ People Defence Force - Natmauk ဗိုလ်ရာကျော်က ဆိုပါတယ်။

"ရှင်းလင်းခံလိုက်ရတဲ့ ဒေါင်းတင်ဟာ စစ်ကောင်စီခန့်အုပ်ချုပ်‌ရေးမှူးလုပ်တာအပြင် ပျူစောထီးတာဝန်လည်း ထမ်းဆောင်နေတာ၊ သူဆီက လက်ရှိသိမ်းဆီးရမိတဲ့ ဖုန်းထဲမှာလည်း စစ်ကောင်စီနဲ့ဆက်သွယ်ထားတဲ့ အချက်အလက်တွေလည်းရှိတယ်" လို့ ဗိုလ်ရာကျော်က ပြောပါတယ်။ 

ဦးဒေါင်းတင်ဆိုသူဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မတ်လ ၂၆ ရက်နေ့က ဒန့်သလွန်ကျေးရွာမှာနေထိုင်တဲ့ တော်လှန်ရေးရဲဘော် ၂ ဦးရဲ့ စခန်းနေရာကိုလိုက်ပြခဲ့ရာ တော်လှန်ရေးရဲဘော် ၂ ဦးဖမ်းဆီးခံရပြီး လက်နတ် ၂ လက်လည်း ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒန့်သလွန်ပင်ကျေးရွာက CDM ဝန်ထမ်းတွေရဲ့ လုံခြုံရေးကိုခြိမ်းခြောက်နှောက်ယှက်တာတွေ တော်လှန်ရေးရဲဘော်တွေရဲ့ မိသားစုတွေကို အမျိုးမျိုးခြိမ်းခြောက်နှိမ်ဆက်တာတွေ ဒန့်သလွန်ပင်ရွာက ဒေသခံတွေကို ပျူစောထီးသင်တန်းတက်ဖို့ မဲစွယ်စည်းရုံးတာတွေ PDF တဦးကိုဖမ်းဆီးပေးရင် ၁၀ သိန်းပေးမယ်လို့ စည်းရုံးတာတွေလုပ်တာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရတာလို့ ဗိုလ်ရာကျော်က ပြောပါတယ်။

ရှင်းလင်းခံရတဲ့ ဦးဒေါင်းတင်နဲ့ပတ်သက်တဲ့ ပြောဆိုမှုတွေကိုတော့ မြေလတ်အသံသတင်းဌာနအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #မကွေးတိုင်း #နတ်မောက် #ပျူစောထီး #အုပ်ချုပ်ရေးမှူး #PDF #Natmauk

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10