PDF ၁၀ ဖွဲ့ကျော် ပေါင်းတိုက်တဲ့ ပဒူရွာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂၀ ကျော်သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ပဒူရွာကိုစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးအဖွဲ့တွေ ထိတွေ့တိုက်ပွဲ ၅နာရီကျော် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ၂၀ နီးပါး သေဆုံးတယ်လို့ သိရပါတယ်။

မေလ ၂၁ ရက် မနေ့ကမနက် ၆ နာရီမှာ ကန်ကြီးကုန်းကနေ ပဒူရွာကိုထွက်လာတဲ့ အင်အား ၁၀၀ ပါ တပ်မ ၃၃ စစ်ကြောင်းနဲ့ တိုက်ပွဲပြင်းထန်ခဲ့ကာ ပဒူရွာရဲစခန်းကနေ လက်နက်ကြီး ပစ်ကူပေးလာတဲ့အတွက် နေ့လယ် ၁၁ နာရီမှာ ပြန်ဆုတ်ခွာခဲ့ကြတယ်လို့ ဆိုပါတယ်။


“စစ်တပ်ဘက်က ၂ ရက်ပေါင်း ၃၀ ဝန်းကျင်သေတယ်ဗျ။ မိုင်းဆွဲတာ ၅ ယောက်လောက်သေတယ်။ ကျနော်တို့ဘက်က မိုင်းအရင်ဆွဲပြီးမှ တိုက်ပွဲစတာ။ ကျနော်တို့ဘက်က လူအင်အားသာပေမယ့် ရန်သူဘက်က ပစ်ကူတွေကြောင့် ပြန်ဆုတ်ခဲ့ရတာ" လို့ people servant force ရဲဘော်တဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၂၀ နီးပါးသေဆုံးကာ ပူးပေါင်းအဖွဲ့တွေထဲက ရဲဘော် ၃ ဦးလည်း လက်နက်ကြီးစ ထိမှန်လို့ တဦးကတော့ စိုးရိမ်ရတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲကို People Servant Force - လက်ရုံးစစ်ကြောင်း၊ Knight Commander Force - အညာမြေတပ်ခွဲ)၊ ပြင်ဦးလွင်ခရိုင် - ပ.က.ဖ၊ စစ်ကိုင်းတပ်ရင်း ၂၊ တပ်ရင်း ၃ ၊ ၅၁၀ တပ်ရင်း၊ မန္တလေးခရိုင်တပ်ရင်း ၃၊ ဒေါင်းနီပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပဒူ တိုက်နယ်ပ.က.ဖ၊ ဒေသခံ ကျေးရွာ ပ.က.ဖ တပ်ပေါင်းစုတို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ တပ်မ ၃၃ စစ်ကြောင်းကြောင့် ပဒူရွာကပြည်သူတွေ ထွက်ပြေးတိမ်းရှောင်စဉ် ကားမှောက်လို့ ပဒူရွာခံ အမျိုးသမီးတဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ မေလ ၁၉ ရက်ကလည်း ပဒူရွာအနီးမှာ စစ်ကောင်စီအင်အား ၄၀ပါ စစ်ကြောင်းနဲ့ တိုက်ပွဲတကြိမ် ဖြစ်ပွားခဲ့ပြီး MZL Defence Force က ရဲဘော်တဦးကျဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။

တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ

#ပဒူရွာ #တိုက်ပွဲ #စစ်ကိုင်း #PDF #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10