PDF ၂ဖွဲ့ပေါင်းပြီး ကျင်းပခဲ့တဲ့ တောထဲက ချင်းအမျိုးသားနေ့ ( ရုပ်/သံ)

အရှိုချင်းလူမျိုးတွေအများစုနဲ့ ဖွဲ့စည်းထားပြီး မကွေးတိုင်းအတွင်းမှာ အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တော်လှန်နေတဲ့ PRA Magway နဲ့ CDF- Asho အဖွဲ့ ၂ခုပူးပေါင်းပြီး ၇၅ နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ကို ကျင်းပခဲ့ပါတယ်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၀ရက် မနေ့က CDF- Asho ဌာနချုပ်မှာ ကျင်းပခဲ့တာဖြစ်ပြီး မဟာမိတ်အဖွဲ့အချို့လည်းတက်ရောက်ခဲ့ကြပါတယ်။

PDF ရဲဘော်တွေနဲ့ စစ်မေတွေရဲ့ ချင်းရိုးရာအက၊ ဝါးညှပ်အကတွေအပါအဝင် သီဆိုဖျော်ဖြေပွဲတွေလည်းပါဝင်ခဲ့ပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10