PDF ၆၀ ဦးကို စစ်သင်တန်းပေးပြီး စစ်ဝတ်တန်ဆာနဲ့ လက်နက်တွေပါတပ်ဆင်ပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အခြေစိုက်၊ ယင်းမာပင်ခရိုင် တပ်ရင်း ၆ ရဲ့ အပတ်စဥ် ၁ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၂၄ ရက်မှာပြုလုပ်ခဲ့ပြီး သင်တန်းသားတွေကိုလည်း စစ်ဝတ်တန်ဆာနဲ့ လက်နက်တွေတပ်ဆင်ပေးခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်ကနေ ဒီဇင်ဘာ ၂၃ ရက်အထိပြုလုပ်ခဲ့တဲ့ ဒီစစ်သင်တန်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ကနေ သင်တန်းဆင်းခဲ့တဲ့ တပ်ဖွဲ့ဝင်တွေက ပြန်လည်ပို့ချခဲ့တာဖြစ်ပြီး စုစုပေါင်း သင်တန်းသား ၆၀ ဦးတက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။  

သင်တန်းဆင်းပွဲလုပ်တဲ့နေ့မှာပဲ တက်ရောက်ခဲ့တဲ့သင်တန်းသား တယောက်စီတိုင်းကို ကျည်ကာ၊ ဦးထုပ်၊ စစ်ဖိနပ်၊ ယူနီဖောင်းအပြင် မောင်းပြန်ရိုင်ဖယ် ဒါမှမဟုတ် ၆၀ မမ စိန်ပြောင်း ၁ လက်စီပေးခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၆ သတင်းမှန်ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

သင်တန်းဆင်း ၆၀ ဦးထဲက သူတို့ရဲ့အရည်အချင်းတွေအလိုက် လက်ဖြောင့်တပ်သားဆု ၁ ဆု၊ တပ်သားတွေအပေါ် အနစ်နာခံဆုံးဆု ၁ ဆု၊ ဦးဆောင်မှုအကောင်းဆုံးဆု ၁ ဆု ဆိုပြီး ဆု ၃ ဆုပေးခဲ့တယ်လို့ သိရပါတယ်။

အခြေခံစစ်ပညာသင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ပေးတဲ့ အခမ်းအနားကို တိုင်းပကဖ၊ ပအဖ တာဝန်ခံတွေ၊ တိုက်နယ် ပကဖ၊ ပအဖ တာဝန်ခံတွေ အပါအဝင် ယင်းမာပင်ခရိုင်ထဲက ပြည်သူတွေပါ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ယင်းမာပင် #စစ်သင်တန်း #စစ်ဝတ်တန်ဆာ #လက်နက် #တပ်ဆင်ပေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10