PDF ရဲဘော်တွေကိုယ်တိုင် ပဲပြုတ်နံပြား လုပ်စားခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ (ရုပ်/သံ)

 

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို တောထဲကစခန်းတခုမှာပဲ ရဲဘော်တွေကိုယ်တိုင် မုန့်ဖုတ်ပြီး လုပ်စားခဲ့ကြတယ်လို့ ဆိုပါတယ်။

ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၈ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ပဲပြုတ်နဲ့နံပြားကို ယင်းမာပင်ခရိုင်၊ ပုလဲတပ်ရင်း-13010 လက်အောက်ခံ မြိုင်ဒေသမှာလှုပ်ရှားနေတဲ့ မြေလတ်ပြောက်ကျား MRG ရဲ့တပ်စခန်းတခုမှာပဲ ရဲဘော်တွေက ပြုလုပ်ခဲ့ကြတာပါ။

"မနေ့ကတော့အားခြင်းပဲ အလှူရှင်လည်းရှိတော့ ဗိုလ်ချုပ်အောင်ဆန်မွေးနေ့ကို ပဲပြုတ်နံပြားကျွေးမယ်ပေါ့။ အဲမှာအခက်ခဲက တောထဲမှာပဲပြုတ်က ရတယ်။ နံပြားကျတော့ ခက်နေတာ။ ဘယ်လိုလုပ်ကြမလဲဆိုပြီးတိုင်ပင်ကြတော့ ရဲဘော်တယောက်က နံပြားလုပ်တတ်တယ်ဆိုတော့ ဂျုံမှာလိုက်ပြီးတော့ ရေအိုးကိုပဲ မီးဖိုပေါ်တင်ပြီးရွံ့အုပ် လုပ်လိုက်ကြတာ။" လို့ မြေလတ်ပြောက်ကျားတပ်ဖွဲ့ MRG အဖွဲ့မှ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်မဲကြီး က မြေလတ်အသံ ကိုပြောပါတယ်။

ပဲပြုတ်နံပြားကျွေးမွေးဖို့ ငွေလှူဒါန်းပေးတာကတော့ ထိုင်းနိုင်ငံ Rayong မြို့အခြေစိုက် Heroes Support Teamက ဥက္ကဌ ကိုယ်တော်မှိုင်းဖြစ်ပြီး အဲဒီအဖွဲ့ဟာ သိန်း ၇၀ တန် Drone ဝယ်ဖို့အတွက် ကျပ်သိန်း ၄၀ ကိုလည်းမတည်ထည့်ဝင်ခဲ့တယ်လို့ ဆိုပါတယ်။

သတင်း - ဝေလင်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10