PDF ရဲဘော်သေဆုံးခြင်း ၁ လပြည့် ဆွမ်းကျွေး ပရိတ်တရားတော်နာပြုလုပ်

PDF ရဲဘော်သေဆုံးခြင်း ၁ လပြည့် ဆွမ်းကျွေး ပရိတ်တရားတော်နာပြုလုပ်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ငြိမ်းဇာနည် စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ရင်းသေဆုံးခဲ့တဲ့ Myingyan Black Tiger – MBT တပ်ဖွဲ့မှ ရဲဘော်တဦးရဲ့ ၁ လပြည့်အထိမ်းအမှတ်ကို မေလ ၂၀ ရက်မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ရေစကြိုမြို့နယ်ရှိ MBT ဌာနချုပ်နယ်မြေအတွင်းမှာပဲ မနေ့မနက်ပိုင်း ၉ နာရီခန့်က သံဃာ ၅ ပါးပင့်ပြီး ဆွမ်း‌ကျွေးပရိတ်တရားနာပြုလုပ်ခဲ့ကာ ဒေသခံပြည်သူအချို့ကို မုန့်ဟင်းခါးကျွေးခဲ့တယ်လို့ သိရပါတယ်။
 
“မနေ့ကဆိုရင် ရဲဘော် စောလေး ကျဆုံးခဲ့တာ တလပြည့်ခဲ့တာ၊ တလပြည့်ပေမဲ့ သူ့ကို ကျနော်တို့မမေ့ဘူး၊ သူ့အတွက် ဂလဲ့စားချေဖို့ အဆင်သင့်ရှိနေတာကို သိလည်းသိစေချင်တယ်၊ ဘဝကူသွားတဲ့ ကျနော်တို့ရဲဘော်အတွက် ကောင်းမှုကုသိုလ်တွေ လုပ်ပေးခဲ့တာ” လို့ Myingyan Black Tiger – MBT မှ ဗိုလ်မိုက်ခဲက ပြောပါတယ်။

အခုနှစ် ဧပြီလ ၂၀ ရက်နေ့က ရေစကြိုမြို့နယ်၊ ငြိမ်းဇာနည်တပ်စခန်းကို သိမ်းပိုက်တိုက်ခိုက်ရာမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး MBT မှ အသက် ၂၄ နှစ်အရွယ် ရဲဘော်စောလေးက ဦးခေါင်းကျည်ထိမှန်ကာ သေဆုံးခဲ့ရတာလည်း ဖြစ်ပါတယ်။

တော်လှန်ရေး ၂ နှစ်တာကာလအတွင်း Myingyan Black Tiger (MBT) တပ်ဖွဲ့က ရဲဘော် ၂ ဦး သေဆုံးခဲ့ပြီး၊ ဖမ်းဆီးခံရသူ ၁၁ ဦးရှိခဲ့တယ်လို့ သိရပါတယ်။

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10