PDF သင်တန်းဆင်းပြီး စစ်ကောင်စီနဲ့ပူးပေါင်းသွားတဲ့ ဒလန်ဆိုသူ ၂ ဦး ပစ်သတ်ခံရ

PDF သင်တန်းဆင်းပြီး စစ်ကောင်စီနဲ့ပူးပေါင်းသွားတဲ့ ဒလန်ဆိုသူ ၂ ဦး ပစ်သတ်ခံရ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၄၈ × ၄၉ လမ်းကြား ရတနာမိုးလက်ဖက်ရည်ဆိုင်မှာ PDF သင်တန်းဆင်း တော်လှန်ရေးသစ္စာဖောက်ဆိုသူ အပါအဝင် ၂ ဦး မနေ့က ၂၀ ရက်နေ့ နံနက် ၁၁ နာရီခန့်က ပစ်သတ်ခံရတယ်လို့ သိရပါတယ်။ာ်လှန်ရေးအပေါ်သစ္စာဖောက်ပြီး စစ်ကောင်စီနဲ့ပေါင်းကာ ဒလန်လုပ်နေတာကြောင့် ရှင်းလင်းလိုက်တာဖြစ်တယ်လို့ Special Task Force Mandalay (STF-MDY) တာဝန်ရှိသူက ပြောပါတယ်။

"သူတို့တွေက သင်တန်းဆင်းပြီးသားတွေပါ။ တော်လှန်ရေးအပါ် သစ္စာဖောက်သူတွေ ဖြစ်တယ်။ စကစနဲ့ပေါင်းပြီး ဒလန်လုပ်တာ။ သူကြောင့် ဖမ်းဆီးခံရတဲ့သူတွေ ရှိခဲ့တယ်။ သတင်းအတိအကျရလို့ ရှင်းလိုက်တာ ဖြစ်တယ်" လို့ ပြောပါတယ်။

ရှင်းလင်းခံလိုက်ရသူတွေဟာ သန့်ဇင်(ခ)ကတုံး အသက် ၂၀ နှစ်ကျော်နဲ့ နောက်ထပ် လူငယ် ၁ ဦးတို့ဖြစ်ပြီး ပစ်သတ်ခံရလို့ နေရာမှာပဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

​​သန့်ဇင်(ခ)ကတုံးဟာ တော်လှန်ရေးရဲဘော်တွေကို ဒလန်လုပ်တိုင်ကြားကာ၊ မိမိခေါင်းဆောင်ပါမကျန် စကစ(စစ်ကောင်စီတပ်)နဲ့ ပူးပေါင်းကာ ဖမ်းဆီးစေတာ၊ ဖမ်းဆီးခံရတဲ့ ရဲဘော်တွေရဲ့ မိသားစု၀င်များအပေါ် မတရား ဖိနှိပ်ငွေညှစ်ခြိမ်းခြောက်တာ၊ မြို့ပေါ်က စကစအဖွဲ့က ဖမ်းဆီးစစ်ဆေးရာနေရာတွေမှာ ပူးပေါင်းပါ၀င်တာ၊ ပြည်သူ့အသက်အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးရာမှာ ကိုယ်တိုင်ပါ၀င်ခဲ့ခြင်းအပြင်၊ မြို့ပေါ်ကျူးဖျက်သည့် လုပ်ငန်း​တွေအထိပါ ပါ၀င်ပတ်သက်မှုရှိနေတာကို မြင်တွေ့နေတာကြောင့် ရှင်းလင်းလိုက်တာ ဖြစ်တယ်လို့ STF-MDY က ထုတ်ပြန်ထားပါတယ်။

သန့်ဇင်(ခ)ကတုံးဆိုသူဟာ ဘယ်အဖွဲ့က ဖြစ်တယ်ဆိုတာနဲ့ ဘယ်လို တော်လှန်ရေး သစ္စာဖောက်မှုတွေ လုပ်ခဲ့တယ်ဆိုတာကိုတော့ STF-MDY အဖွဲ့ကို ဆက်လက်မေးမြန်းထားပေမယ့် ဖြေကြားပေးထားခြင်း မရှိသေးပါဘူး။

ဇန်နဝါရီလ ၁၅ ရက်နေ့ကလည်း၊ မဟာအောင်မြေမြို့နယ် ဗောဓိကုန်းအရှေ့ ရပ်ကွက်ရှိ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစောဆိုသူကို STF-MDY အဖွဲ့က နေအိမ်မှာ ပစ်ခတ်ရှင်းလင်းခဲ့သေးတာလို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10