PIA ရဲ့ နောက်သင်တန်းမှာ မကွေးနဲ့ ပဲခူးတိုင်းက လူငယ်တွေလည်း ပါဝင်ဖို့ဖိတ်ခေါ်

PIA ရဲ့ နောက်သင်တန်းမှာ မကွေးနဲ့ ပဲခူးတိုင်းက လူငယ်တွေလည်း ပါဝင်ဖို့ဖိတ်ခေါ်

ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA )ရဲ့ နောက်ဖွင့်မယ့် အမှတ်စဉ် ၄ စစ်သင်တန်းမှာ မကွေးတိုင်းနဲ့ ပဲခူးတိုင်းက လူငယ်တွေကိုလည်း လာတက်စေချင်တယ်လို့ PIA/PIO ရဲ့ တာဝန်ခံတဦးက ပြောပါတယ်။

ရခိုင့်တပ်တော် AA ရဲ့ ထိန်းချုပ်နယ်မြေတခုမှာ တပ်ဖွဲ့စည်းထားတဲ့ ပြည်သူ့လွတ်လပ်ရေးတပ်တော် PIA က စစ်သင်တန်း အပတ်စဥ် ၃ က မကြာခင်ဆင်းတော့မှာဖြစ်လို့ အပတ်စဥ် ၄ အတွက် သင်တန်းသားတွေကိုလည်း ခေါ်နေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

"အခုဆို ကိုယ်တိုင်သင်တန်းတွေ လုပ်နိုင်နေပြီ။ မဟာမိတ်တွေနဲ့ ပေါင်းမသင်တော့ဘူး။ ကိုယ့်အဖွဲ့မှာရှိတဲ့ အရာရှိတွေနဲ့၊ ကိုယ့်အဖွဲ့က သင်တန်းဆရာတွေနဲ့ပဲ ပေးနေတာပါ" လို့ PIA/PIO ရဲ့ တာဝန်ခံတဦးက ပြောပါတယ်။

အပတ်စဥ် ၁ နဲ့ ၂ က သင်တန်းဆင်း ရဲဘော်တွေဟာလည်း လက်နက်ကိုင်တော်လှန်ရေးနယ်မြေတွေမှာ အသီးသီးတာဝန်ထမ်းဆောင်နေပြီဖြစ်ကာ အခုဆင်းတော့မယ့် အပတ်စဉ် ၃ ရဲဘော်တွေဟာ မကြာခင် တာဝန်ထမ်းဆောင်ကြတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

PIA အနေနဲ့ ဧရာဝတီတိုင်းအပါအဝင် မကွေးနဲ့ ပဲခူးတိုင်းက လူငယ်တွေကိုလည်း စစ်သင်တန်းတက်ဖို့ ဖိတ်ခေါ်ထားပြီး လာတက်မဲ့သူတွေအနေနဲ့ တော်လှန်ရေးအတွင်း ဆင်းရဲပင်ပန်းမှု ခံနိုင်မှုရှိဖို့၊ ကောင်းမွန်တဲ့ အမိန့်ပေးမှုစနစ်နဲ့ အမိန့်နာခံနိုင်တဲ့ စည်းကမ်းကောင်းလိုသူတွေနဲ့ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် ပြင်းပြခိုင်မြဲသော စိတ်ဆန္ဒရှိရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူ့လွတ်လပ်ရေး တပ်တော်/ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (PIA/PIO)ကို ဒေသအသီးသီးက စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ အလွှာအသီးသီးက လူငယ်ကျောင်းသားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ CDMတွေနဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10