PRF ရဲဘော်တဦးရဲ့ ကျဆုံးခြင်း ၁ နှစ်ပြည့် ဂုဏ်ပြုအခမ်းအနားပြုလုပ် (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ် ပြည်သူ့တော်လှန်ရေးတပ်ဦး-PRF ဌာနချုပ်မှာ ရဲဘော်တဦးရဲ့ ကျဆုံးတနှစ်ပြည့်အဖြစ် အလေးပြုအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၂ ရက် မနက်ပိုင်း ၈ နာရီခွဲခန့်မှာ စခန်းကနေ ကျဆုံးရဲဘော်ဝဿာန်အုတ်ဂူဆီကို ခြေလျင် ချီတက်ပြီး ၉ နာရီကျော်ခန့်မှာ အုတ်ဂူတွင် အခမ်းအနားကို ပြုလုပ်ကာ သဝဏ်လွှာဖတ်ကြးတာ၊ အလေးပြုတာ၊ သေနတ်ပစ်ဖောက်တာတွေပြုလုပ်တယ်လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး-PRF ပြောရေးဆိုခွင့်ရှိသူ ရဲဘော်လွန်းညီက ပြောပါတယ်။

အခမ်းအနားမှာတေ့ ရှေ့တန်းထွက်နေကြတဲ့ ရဲဘော်တွေ မပါဝင်နိုင်ပဲ နောက်တန်းမှာ ကျန်ရစ်တဲ့ ရဲဘော်တွေနဲ့သာ ပြုလုပ်ခဲ့ကြရတယ်လို့ သူကဆက်ပြောပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီလ ၂ ရက်နေ့က စစ်ကိုင်းတိုင်း၊ ရွှေဘိုတက္ကသိုလ်ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရင်းနဲ့ ရဲဘော် ဝဿာန် ကျည်ထိမှန်ပြီးကျဆုံးခဲ့တာဖြစ်ပါတယ်။

ကျဆုံးသွားတဲ့ရဲဘော်ဟာ အသက် ၂၀ ရှိပြီး အခြေခံပညာအထက်တန်းအထိ နေခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေး ၃ နှစ်တာကာလအတွင်း ပြည်သူ့တော်လှန်ရေးတပ်ဦး-PRF မှာ ရဲဘော် ဝဿာန်က ပထမဆုံးကျဆုံးခဲ့တာလို့ သိရပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ပေါက် #PRFရဲဘော် #ကျဆုံးခြင်း #၁နှစ်ပြည့် #ဂုဏ်ပြု #PDF #မြေလတ်သတင်း #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10