People's Defence Army အမှတ်စဉ် ၄ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ People's Defence Army က ရဲဘော်တွေရဲ့ အမှတ်စဉ် ၄ စစ်သင်တန်းဆင်းပွဲကို ဇွန် ၃၀ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီသင်တန်းဆင်းပွဲကို ဇွန် ၃၀ ရက်က စစ်ကိုင်းတိုင်း၊ကနီမြို့နယ်တနေရာမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ၄၅ ရက်ကြာမြင့်တဲ့ အခြေခံစစ်သင်တန်းမှာ ရဲဘော် ၁၂ ဦးတက်ရောက်ခဲ့တယ်လို့ People's Defence Army တပ်ရေးတာဝန်ခံ ကိုစံရှည် (ခေါ်) ကိုသူရက ပြောပါတယ်။

ရဲဘော်တွေကို အမိန့်နာခံမှု အားကောင်းအောင်၊ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ရည်ခိုက်ရည် စွမ်းဆောင်ရည်မြင့်အောင် သင်ကြားပေးခဲ့တာဖြစ်ပြီး ရဲ CDM နဲ့ တပ်ရင်းမှူးတို့က ကိုယ်တိုင် ပြန်ပြီးသင်ကြားပေးခဲ့တာလို့ ဆိုပါတယ်။

သင်တန်းဆင်းပွဲနေ့မှာတော့ ကျေးရွာ ပကဖ၊ ပအဖ၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီ ကိုလွမ်းသူ တက်ရောက်ပြီး ရဲဘော်တွေကို စစ်ရေးနဲ့ပတ်သက်တာတွေ နိုင်ငံရေးနဲ့ပတ်သက်တဲ့အသိတရား‌တွေကို ပြောကြားပေးခဲ့တယ်လို့ သိရပါတယ်။ 

စာတည်း- နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ကနီ #အမှတ်စဉ်၄ #အခြေခံစစ်ပညာ #သင်တန်းဆင်းပွဲ #PDF 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10