RPG လက်နက်စမ်းသပ်တဲ့အနေနဲ့ တံတားလုံခြုံရေးတပ်ဖွဲ့ကို ပစ်ခတ်ခဲ့ရာ ၁ ဦးသေ

RPG လက်နက်စမ်းသပ်တဲ့အနေနဲ့ တံတားလုံခြုံရေးတပ်ဖွဲ့ကို ပစ်ခတ်ခဲ့ရာ ၁ ဦးသေ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင်-မဒေါက်သွားလမ်းဘေး ပုဇွန်မြောင်းကျေးရွာအနီးရှိက တံတားစောင့် စစ်ကောင်စီနဲ့ ပျူစောထီးတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက RPG လက်နက် အသစ်ရလာတဲ့အတွက် သွားရောက်စမ်းသပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁ ဦးသေတယ်လို့ မြေပြင်ကာကွယ်ရေး အဖွဲ့ဝင်တွေထံက သိရပါတယ်။

ဇူလိုင် ၂၁ ရက် ညနေ ၅ နာရီခန့်မှာ အင်အား ၂၀ ကျော်လောက်နဲ့ရှိနေတဲ့ ပုဇွန်မြောင်းတံတား စစ်ကောင်စီဂိတ်ကို လက်နက်စမ်းသပ်တဲ့အနေနဲ့ RPG နဲ့ တချက်သွားပစ်ခဲ့တာလို့ဆိုပါတယ်။

"ကျနော်တို့မှာက လက်နက်အသစ်တွေရလာရင် စမ်းသပ်တဲ့အခါ အလကား မဖြစ်အောင် စကစ အဖွဲ့တွေရှိတဲ့ နေရာကို သွားသွားပစ်လေ့ရှိတယ်။ မနေ့ကသွားပစ်ပြီးတော့ စကစဘက်က ချက်ချင်းတောင် ပြန်မပစ်နိုင်ဘူး" လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

RPG နဲ့ပစ်ခံရလို့ စစ်ကောင်စီတပ်သား ၁ ဦးနေရာမှာ သေဆုံးသွားတာကို လမ်းသွားလမ်းလာပြည်သူတွေရဲ့ ပြန်လည်ပြောပြချက်အရ သိရတယ်လို့ ဆိုပါတယ်။

RPG နဲ့ပစ်ခတ်ပြီး ကာကွယ်ရေးအဖွဲ့တွေ ပြန်ဆုတ်လာပြီးမှ စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ပုဇွန်မြောင်းစစ်ဆေးရေးဂိတ်ဟာ လမ်းသွားလမ်းလာပြည်သူတွေကို ဖုန်းတွေကအစ စစ်ဆေးပြီး၊ ငွေတောင်းတာ၊ ဖုန်းသိမ်းတာ၊ လူကိုပါ ဖမ်းဆီးတာတွေရှိနေတဲ့ နေရာတခုဖြစ်ပါတယ်။

ဇူလိုင် ၁၂ ရက်က ပုဇွန်မြောင်းတံတားရှိ စစ်ဆေးရေးဂိတ်ကို KNLA ၊ PDF အဖွဲ့တွေက ဒရုန်းနဲ့ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ၁ ဦး သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်းဒေသကြီး #ညောင်လေးပင် #မဒေါက် #ပုဇွန်မြောင်းကျေးရွာ #RPG #စမ်းသပ်ပစ်ခတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10