S.T.A.R တပ်ဖွဲ့ရဲ့ အပတ်စဥ် ၂ အထူးမွမ်းမံသင်တန်းဆင်းပွဲပြုလုပ်

S.T.A.R တပ်ဖွဲ့ရဲ့ အပတ်စဥ် ၂ အထူးမွမ်းမံသင်တန်းဆင်းပွဲပြုလုပ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းမှာ အညာဒေသတော်လှန်ရေးအထူးတပ်ဖွဲ့ - S.T.A.R ရဲဘော်တွေရဲ့ အပတ်စဥ် ၂ အထူမွမ်းမံသင်တန်းဆင်းပွဲကို သြဂုတ် ၂၅ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

သင်တန်းသားရဲဘော် ၄၁ ဦးအတွက် ဇွန်လ ၁၆ ရက်ကနေ သြဂုတ်လ ၂၄ ရက်အထိ သင်တန်း ပေးခဲ့ရာ ၁ ဦးက ကျန်းမာရေးမကောင်းတဲ့အတွက် ရဲဘော် ၄၀ ဦးသာသင်တန်းပြီးဆုံးတဲ့အထိ တက်ရောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

“ရဲဘော်တွေကို စစ်ဗျူဟာနားလည်ဖို့အတွက် စစ်ဗျူဟာပိုင်းကိုပြန်ပြီးတော့ သင်ကြားပေးခဲ့တယ်”လို့ S.T.A.R အထွေထွေအတွင်းရေးမှူး ကိုဆာန်က ပြောပါတယ်။

သင်တန်းဆင်းပြီးတဲ့ ရဲဘော်တွေအနေနဲ့လည်း ၎င်းတို့တာဝန်ကျရာ တပ်ရင်းတွေမှာ ဆက်လက် တာဝန်ထမ်းဆောင်သွားမှာဖြစ်ပြီး အဲ့ဒီတပ်ရင်းတွေကိုလည်း လက်နက်ခွဲဝေတပ်ဆင်ပေးထားတယ်လို့ သူက ဆက်ပြောပါတယ်။ 

“လက်နက်တပ်ဆင်တာကတော့ ကျနော်တို့တပ်နိုင်သလောက် တပ်ရင်းတွေကို လက်နက်ခွဲဝေ ပေးတာရှိပါတယ်။ ရဲဘော်တိုင်းကိုတော့လက်နက်မပေးနိုင်ပါဘူး၊ ကျနော်တို့မှာ အထောက်အပံ့ အင်အားမရှိတဲ့အတွက် ရှိသလောက်လက်နက်နဲ့ ရှိနေတဲ့ အင်အားကိုမျှတပြီး သုံးစွဲနေရတာ” လို့ ကိုဆာန်က ပြောပါတယ်။

သင်တန်းဆင်းပွဲမှာ ထူးချွန်ရဲဘော်တွေအတွက် စည်းကမ်းကောင်းမွန်ဆု၊ လေ့ကျင့်ရေးကောင်းမွန်ဆု စစ်ဗျူဟာကျွမ်းကျင်ဆု စတာတွေကို ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။ 

အညာဒေသတော်လှန်ရေးအထူးတပ်ဖွဲ့ဟာ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းအတွင်း စစ်ရေးလှုပ်ရှားမှုတွေ ကို အဓိကလုပ်ဆောင်နေတဲ့အဖွဲ့တခု ဖြစ်ပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #အညာဒေသတော်လှန်ရေးအထူးတပ်ဖွဲ့ #သင်တန်းဆင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10