SNA နဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ သုံးပွင့်ဗိုလ် ၁ ဦးအပါ ၁၀ ဦးသေဆုံး

SNA နဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ သုံးပွင့်ဗိုလ် ၁ ဦးအပါ ၁၀ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ဘက်ကနေ အင်အား ၇၀ နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်‌‌ကောင်စီ၊ SNA တပ်သားတွေနဲ့ ပျူစောထီးတွေကို ဗန်းမောက်မြို့နယ်၊ မြစ်သေးချင်းရွာမှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က သုံးပွင့်ဗိုလ် ၁ ဦး၊ နှစ်ပွင့်ဗိုလ် ၁ ဦးနဲ့ SNA တပ်သား ၈ ဦး သေဆုံးခဲ့တယ်လို့ Banmauk Revolution B.R အဖွဲ့ဆီက သိရပါတယ်။

နိုဝင်ဘာ ၁၁ ရက် နေ့လယ် ၁၁ နာရီ ၄၀ မိနစ်လောက်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ညနေ ၅ နာရီကျော်မှာ တိုက်ပွဲပြီးခဲ့တယ်လို့ ဆိုပါတယ်။ 

"SNA နဲ့ ပျူစောထီးတွေက အရပ်ဝတ်နဲ့ ထွက်လာကြတာ။ တိုက်ပွဲမှာလည်း အရပ်ဝတ်တွေနဲ့ပဲ ထိတာ။ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ ထုတယ်။ ဟောင်ဝစ်ဇာတွေနဲ့လည်း ပစ်တယ်။ ကျမတို့ဘက်က ရဲဘော်တွေကတော့ ဂန်းနဲ့ပစ်တဲ့အပြင် စက်ကလေးတွေနဲ့လည်း ပစ်ခတ်ခဲ့တယ်" လို့ Banmauk Revolution B.R တာဝန်ခံက ပြောပါတယ်။

တိုက်ခိုက်ပြီးနောက် အဆိုပါစစ်ကောင်စီစစ်ကြောင်းကနေ  MA 1 ၁ လက်၊ MA 2 ၁ လက်၊ MA 4 ၂ လက်၊ MA 5 (ပစ္စတို) ၂ လက်၊ 5.56ကျည် ၆၂၆ တောင့်၊ ငါးကြင်းမြီး ကျည် ၁၀ တောင့်၊ 9mm ကျည် ၁၂ တောင့်၊ MA ကျည်ဘောက် ၂၀ ခု၊ MA 2 ကျည်ဘောက် ၁ ခု၊ 40mm ဗုံးသီး ၁၈ လုံး၊ I con ၆ လုံး၊ အင်ကွပ် (ကျည်ကာ) ၃ ခု၊ အင်ကွပ်(ခါးပတ်) ၅ ခု၊ ဘေးလွယ်အိတ် ၄ ခု၊ နာရီ ၂ လုံး၊ ဖုန်း ၄ လုံး၊ power bank ၁ လုံး၊ စစ်ရေဘူး ၁ ဘူး၊ စစ်ဦးထုပ် ၁ လုံးနဲ့ ကတ်သီး ၁ ခုတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ဗန်းမောက်မြို့နယ်၊ အောင်သာကုန်းနဲ့ မြစ်သေးချင်းရွာတွေမှာ ဂိတ်ထိုးပြီး ဂိတ်စောင့်နေတဲ့ စစ်ကြောင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပြီးနောက် SNA နဲ့ ပျူစောထီးတွေပါတဲ့ စစ်ကြောင်းဟာ ဗန်းမောက်မြို့ထဲကို ပြန်ဝင်သွားတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဗန်းမောက် #SNA #ကာကွယ်ရေးတပ် #တိုက်ခိုက် #သေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10